Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့ကို စစ်ကောင်စီဗုံးကြဲ၊ ကလေးငယ်အပါအဝင် အမျိုးသမီး ၄ဦး သေဆုံး

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ် အညာကတင်းကျေးရွာကို စစ်ကောင်စီက ယနေ့ မေလ ၁ရက် နံနက် ၁၀နာရီခွဲတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ၆နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအတင် အမျိုးသမီး ၄ဦး သေဆုံးခဲ့ရသည်။

ဆောမြို့နယ် အညာကတင်းကျေးရွာကို စစ်ကောင်စီက ယနေ့ မေလ ၁ရက်ကလေကြောင်းတိုက်ခိူက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

​မေ-၁၊၂၀၂၅။ကဖီး/People’s Spring

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ် အညာကတင်းကျေးရွာကို စစ်ကောင်စီက ယနေ့ မေလ ၁ရက် နံနက် ၁၀နာရီခွဲတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ၆နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအတင် အမျိုးသမီး ၄ဦး သေဆုံးခဲ့ရသည်။

ဂျက်ဖိုက်တာဖြင့် ဗုံကြဲခြင်းဖြစ်ပြီး လေးဦးသေဆုံးသည့်အပြင် ကလေးနှစ်ဦးလည်း ဒဏ်ရကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

” ကျနော်တို့ မြေပြင်ကိုလာကြည့်။ ဘာမှစစ်ရေးလှုပ်ရှားမှုရှိမနေဘူး။ အခုသေဆုံးတာ အရပ်သားတွေချည်းပဲဗျ။ ကလေးတွေလည်းပါတယ်ဗျ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယောဒေသတွင် ပြီးခဲ့သည်မတ်လ၂၂ရက်ကလည်း ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲခဲ့ရာ ဆရာဝန်တစ်ဦးအပါအဝင် ၁၁ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့်ဧပြီကလည်း သင်္ကြန် ကာလတွင်း စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့၍ အရပ်သား၁၀၀နီးပါး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ တိုက်လေယာဉ်တွေ ပျံသန်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူခရိုင် လေလံမြောင်(လေလာမြောင်)ကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစု ၂ခုက ပြည်သူ ၈ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook