Connect with us

Hi, what are you looking for?

သတင်း

KIAနှင့် မဟာမိတ်စာချုပ် သုံးခုရှိထားပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေး မကြာမီတွေ့ဆုံဆွေးနွေးမည်ဟု TNLA ပြော

မဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့်ဖြစ်ပွားနေသည့် ပြဿနာများကို ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောကြားသည့်။

ရှမ်းမြောက်တွင် နှစ်ဖက်ထိပ်တိုက်တွေ့နေသည့် KIA နှင့် TNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- Mai Amm La Ngean

မေ ၄၊၂၀၂၅။ရဲခေါင်၊ မိုးမိုး/People’s Spring

မဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့်ဖြစ်ပွားနေသည့် ပြဿနာများကို ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောကြားသည့်။

ယနေ့ (မေလ ၄ရက်) ကျင်းပသည့် PSLF /TNLA ၏ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် KIO/KIAနှင့် PSLF/TNLA အကြား ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပြဿနာအချို ရှိခဲ့မှုအပေါ် ဖြေရှင်းမည့်အခြေအနေအား ယခုကဲ့သို့ရှင်းပြခဲ့ခြင်းဖြစ်သည်။

KIOနှင့် PSLFတို့သည် ၁၉၇၆ကစ၍ ထာ၀ရမဟာမိတ်ပုံစံ အတူလက်တွဲဆောင်ရွက်ခဲ့ပြီး၂၀၁၃၊၂၀၂၃တို့တွင် ထပ်မံပြီးမဟာမိတ်စာချုပ်များ ဆက်လက်အကောင်အထည်ဖော်ရန် အတူတကွ ညီညီညွတ်ညွတ် ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ရှိထားသည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

နှစ်စဉ် အနည်းဆုံးတစ်ကြိမ် ဗဟိုကော်မတီချင်းတွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း စစ်ရေးပြင်းထန်သည့် ကာလဖြစ်၍ သတ်မှတ်ထားသည့်အတိုင်း လုပ်ရန်မဖြစ်ခဲ့ဟု ဆိုသည်။

ညှိနှိုင်းရန် အချိန်အခါ မရောက်သေး၍ ပြဿနာ နည်းနည်းပါးပါး ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

” ဟိုတုန်းက စာချုပ်သုံးခုနဲ့ ကျနော်တို့ သဘောတူညီမှုတွေရှိထားသလို တနှစ်တကြိမ်တွေ့ဆုံဖို့ အစည်းအဝေးတွေလည်း မကြာမီ ဖြစ်ပွားဖို့ရှိပါတယ်။”ဟု ၎င်းက ‌ပြောသည်။

ကြိုတင်ပြင်ဆင်မှု အစည်းအဝေး ဆောင်ရွက် ထားပြီး နေရာသတ်မှတ်နိုင်ရေးသာ ညှိနှိုင်းနေကြောင်း၊ နေရာသတ်မှတ်ပြီး မကြာမီ ကာလ၌ တွေ့ဆုံရန်ရှိကြောင်း ရှင်းပြသည်။

“PSLFနဲ့ KIOကြားမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေလုပ်ကြမလဲဆိုတာ ကျနော်တို့ ဆွေးနွေးသွားကြဖို့ရှိပါတယ်”ဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

KIOကလည်း PSL နှင့် ဆွေးနွေးပွဲကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းနေမှုကို သတင်းထုတ်ပြန် ထားသည်။ KIOဘက်က ဗိုလ်ချုပ်အဆင့် တာဝန်ရှိသူ ဦးဆောင်ပြီး ဆွေးနွေးပွဲကျင်းပ နိုင်ရေးညှိနှိုင်းနေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

အပြစ်မဲ့ပြည်သူလူထုကို သတ်ဖြတ်ပြီး မိသားစုကို အလောင်းပြန်မပေးတဲ့ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ရပ်ဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

ရွှေကူမှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းတိုက်ခိုက်