Connect with us

Hi, what are you looking for?

သတင်း

KIAနှင့် မဟာမိတ်စာချုပ် သုံးခုရှိထားပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေး မကြာမီတွေ့ဆုံဆွေးနွေးမည်ဟု TNLA ပြော

မဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့်ဖြစ်ပွားနေသည့် ပြဿနာများကို ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောကြားသည့်။

ရှမ်းမြောက်တွင် နှစ်ဖက်ထိပ်တိုက်တွေ့နေသည့် KIA နှင့် TNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- Mai Amm La Ngean

မေ ၄၊၂၀၂၅။ရဲခေါင်၊ မိုးမိုး/People’s Spring

မဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့်ဖြစ်ပွားနေသည့် ပြဿနာများကို ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောကြားသည့်။

ယနေ့ (မေလ ၄ရက်) ကျင်းပသည့် PSLF /TNLA ၏ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် KIO/KIAနှင့် PSLF/TNLA အကြား ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပြဿနာအချို ရှိခဲ့မှုအပေါ် ဖြေရှင်းမည့်အခြေအနေအား ယခုကဲ့သို့ရှင်းပြခဲ့ခြင်းဖြစ်သည်။

KIOနှင့် PSLFတို့သည် ၁၉၇၆ကစ၍ ထာ၀ရမဟာမိတ်ပုံစံ အတူလက်တွဲဆောင်ရွက်ခဲ့ပြီး၂၀၁၃၊၂၀၂၃တို့တွင် ထပ်မံပြီးမဟာမိတ်စာချုပ်များ ဆက်လက်အကောင်အထည်ဖော်ရန် အတူတကွ ညီညီညွတ်ညွတ် ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ရှိထားသည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

နှစ်စဉ် အနည်းဆုံးတစ်ကြိမ် ဗဟိုကော်မတီချင်းတွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း စစ်ရေးပြင်းထန်သည့် ကာလဖြစ်၍ သတ်မှတ်ထားသည့်အတိုင်း လုပ်ရန်မဖြစ်ခဲ့ဟု ဆိုသည်။

ညှိနှိုင်းရန် အချိန်အခါ မရောက်သေး၍ ပြဿနာ နည်းနည်းပါးပါး ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

” ဟိုတုန်းက စာချုပ်သုံးခုနဲ့ ကျနော်တို့ သဘောတူညီမှုတွေရှိထားသလို တနှစ်တကြိမ်တွေ့ဆုံဖို့ အစည်းအဝေးတွေလည်း မကြာမီ ဖြစ်ပွားဖို့ရှိပါတယ်။”ဟု ၎င်းက ‌ပြောသည်။

ကြိုတင်ပြင်ဆင်မှု အစည်းအဝေး ဆောင်ရွက် ထားပြီး နေရာသတ်မှတ်နိုင်ရေးသာ ညှိနှိုင်းနေကြောင်း၊ နေရာသတ်မှတ်ပြီး မကြာမီ ကာလ၌ တွေ့ဆုံရန်ရှိကြောင်း ရှင်းပြသည်။

“PSLFနဲ့ KIOကြားမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေလုပ်ကြမလဲဆိုတာ ကျနော်တို့ ဆွေးနွေးသွားကြဖို့ရှိပါတယ်”ဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

KIOကလည်း PSL နှင့် ဆွေးနွေးပွဲကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းနေမှုကို သတင်းထုတ်ပြန် ထားသည်။ KIOဘက်က ဗိုလ်ချုပ်အဆင့် တာဝန်ရှိသူ ဦးဆောင်ပြီး ဆွေးနွေးပွဲကျင်းပ နိုင်ရေးညှိနှိုင်းနေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက ​ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ဗုံးကြဲပြီး နာရီပိုင်းအတွင်းမှာပင် ​မေ ၁၂ ရက် ညနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့် TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ကို လေကြောင်းမှ ဗုံးထပ်ကြဲခဲ့သည်။

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကောင်စီက အပစ်ရပ်မည်ဟုသက်တမ်း တစ်လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသောကြောင့် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရေး ပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ မေလ ၁၁ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

အပစ်ရပ်ကြောင်းထပ်မံသက်တမ်းတိုးထားသည့် စစ်ကောင်စီက မင်္ဂလာပွဲ ကျင်းပနေသည့် နောင်ချိုမြို့နယ် သရက်ချိုကျေးရွာအား လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကလေးငယ်အပါအဝင် ဒေသခံ လေးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။

Facebook