Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်နောက်ပိုင်းစစ်ကောင်စီရဲ့တိုက်ခိုက်မှုပေါင်း၂၄၀ ကျော်ရှိခဲ့ပြီးလူ ၂၀၀ ကျော်သေဆုံးခဲ့ရ

တိုက်ခိုက်မှု ၂၄၃ ခုထဲမှာ ၁၇၁ ကြိမ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်

စစ်​ကောင်စီတပ်က ဧပြီ ၁၉ ရက်တွင် သပိတ်ကျင်းမြို့နယ် ၊​ရေထွက်ရွာကို တိုက်​လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး သီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ က​​လေးငယ်များအပါအဝင်ပြည်သူ ၃၂ ဦး​သေဆုံးပြီး ၂၁ ဦးဒဏ်ရာရခဲ့ကာ​နေအိမ် ၂၀ ​​ကျော်မီး​လောင်ပြာကျခဲ့သည်။ ဓါတ်ပုံ-Min Khant Kyaw

​မေ-၄၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံမှာ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီဟာ တိုက်ခိုက်မှု ၂၄၃ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ပြီး လူ ၂၀၀ ကျော် သေဆုံးစေခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်က ဖော်ပြထားပါတယ်။

မတ်လ ၂၈ ရက်နေ့တုန်းက စစ်ကိုင်းတိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးလူပေါင်း ၄၀၀၀ ဝန်းကျင်သေဆုံးစေခဲ့တဲ့ ငလျင်ကြီး နောက်ပိုင်းမှာ စစ်ကောင်စီဟာ ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဧပြီ တစ်လလုံး နီးပါးကိုအပစ်အခတ်ရပ်စဲထားမယ်လို့ ကြေညာခဲ့ပါတယ်။

လက်တွေ့မှာတော့အရပ်သားဧရိယာအများအပြားကိုပစ်မှတ်ထားခဲ့တာ အပါအဝင် စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ရပ်တန့်မသွားဘဲ ငလျင်နောက်ပိုင်း ၂၄၃ ကြိမ်ထိ ရှိခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လူပေါင်း ရာနဲ့ချီ သေဆုံးစေတဲ့ အဲဒီ ငလျင်နောက်ဆက်တွဲ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကိုကုလသမဂ္ဂက အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှု ၂၄၃ ခုထဲမှာ ၁၇၁ ခုဟာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ကြောင်း၊ သေဆုံးခဲ့တဲ့ ၂၀၀ ကျော်ဟာ အရပ်သားတွေဖြစ်ကြောင်း ကုသလမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတုခ်က မေလ ၂ ရက်နေ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှု အများစုဟာ စစ်ကောင်စီက အပစ်ရပ်မယ်လို့ ကြေညာခဲ့တဲ့ဧပြီ ၂ ရက်နေ့​နောက်ပိုင်းမှာပေါ်ပေါက်လာခဲ့တာလို့လည်း တုခ်က ဆိုပါတယ်။

ဖျက်အားပြင်း မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီးအပြီး စစ်ကောင်စီရော၊ တော်လှန်ရေး အင်အားစုတွေကပါ ယာယီ အပစ်ရပ် ကာလတွေ အသီးသီး ကြေညာခဲ့ပေမယ့်စစ်ကောင်စီကတော့ငလျင်ဘေးသင့် ပြည်သူလူထုကို အကူအညီ ပေးရမယ့်အစား အရပ်သား ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်

မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေတာ ဖြစ်ကြောင်း၊ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဒဏ် ခံခဲ့ရတဲ့ထဲမှာ ငလျင်ဘေးသင့် ဒေသတွေတောင် ပါဝင်ခဲ့ကြောင်းကုလသမဂ္ဂကဆိုပါတယ်။

ကုလသမဂ္ဂက စစ်ကောင်စီကိုရန်လို တိုက်ခိုက်မှုတွေအမြန်ဆုံး ရပ်တန့်ဖို့နဲ့ ငလျင်ဘေးသင့် ပြည်သူတွေဆီ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ထိထိရောက်ရောက် ပို့ဆောင်နိုင်အောင် ကူညီပေးဖို့ တောင်းဆိုထားပေမယ့် စစ်ကောင်စီကတော့ အပစ်ရပ် ကြေညာထားတဲ့ ကာလမှာတောင် အရပ်သား ပစ်မှတ်တွေကို ဆက်လက် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

ကိုးကား- MSN

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook