Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တတိယ သမ္မတသက်တမ်းအတွက် ရွေးကောက်ပွဲ ဝင်မှာမဟုတ်ဘူးလို့ ထရမ့်ပြော

တတိယ သမ္မတ သက်တမ်းအတွက် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားနေတယ်ဆိုတာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

Getty Images

တတိယ သမ္မတ သက်တမ်းအတွက် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားနေတယ်ဆိုတာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

လက်ရှိ သမ္မတသက်တမ်း ကုန်ဆုံးရင်တောင် အိမ်ဖြူတော်မှာ သမ္မတအဖြစ် ဆက်နေဖို့ နည်းလမ်းတွေကို စဉ်းစားနေကြောင်း ကိုယ်တိုင် ထုတ်ပြောဖူးသလို အဲဒီစကားဟာ နောက်နေတာ မဟုတ်ဘူးလို့လည်း ထရမ့်က ထပ်လောင်း အတည်ပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ သူက သမ္မတအဖြစ် သက်တမ်း နှစ်ကြိမ်၊ စုစုပေါင်း ၈ နှစ်ထက်ပိုပြီး တာဝန်ယူမှာ မဟုတ်ကြောင်း ထရမ့်က ပြောပါတယ်။

သူဟာ ၈ နှစ် တာဝန်ယူခဲ့တဲ့ သမ္မတစ်ဦး အနေနဲ့ပဲ ရှိမှာဖြစ်ကြောင်း၊ သက်တမ်း နှစ်ကြိမ်ပဲ တာဝန်ယူမှာဖြစ်ပြီး ဒီအချက်က အရေးကြီးတယ်လို့ ခံယူကြောင်း ထရမ့်က ဆိုပါတယ်။

အမေရိကန်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ သမ္မတ တစ်ဦးဟာ နှစ်ကြိမ် ရွေးကောက်ခံပြီး၊ စုစုပေါင်း ၈ နှစ် တာဝန်ယူပြီးရင် နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ခွင့် မရှိတော့ဘူးလို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ ထရမ့်က လက်ရှိ ရွေးကောက်ခံ သက်တမ်း ကုန်ရင်တောင် သမ္မတအဖြစ် ဆက်ရှိချင်တယ်လို့ ပြောခဲ့ဖူးပြီး သူ့ရဲ့ အတွင်းစည်း ပုဂ္ဂိုလ်တချို့ကလည်း အဲဒီအတွက် ဖြစ်နိုင်ခြေ နည်းလမ်းတွေ ရှာဖွေနေတယ်လို့ မှတ်ချက် ပေးခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ သမ္မတသက်တမ်း ရက် ၁၀၀ မပြည့်ခင် ရက်ပိုင်းအလိုက ပြုလုပ်ထားခဲ့တဲ့ NBC သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ထရမ့်က သူလည်း ဖွဲ့စည်းပုံ ဥပဒေနဲ့အညီ ၈ နှစ်သက်တမ်းပဲ တာဝန်ယူမှာ ဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ အဲ
အဲဒီအင်တာဗျူးကို မေလ ၄ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တာပါ။

ထရမ့်ဟာ ပထမ သက်တမ်းနဲ့ ဒုတိယ သက်တမ်းကြားမှာ ဂျိုးဘိုင်ဒန်ကို ရွေးကောက်ပွဲ အရေးနိမ့်ခဲ့တာကြောင့် သက်တမ်းနှစ်ခုကို ၄ နှစ်ခြားပြီး တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်းဟာ အခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

သမ္မတ ရာထူးကို တတိယ သက်တမ်း၊ ဖြစ်နိုင်ရင် စတုတ္ထ သက်တမ်းထိ တာဝန်ယူချင်တယ်ဆိုတဲ့ စကားကတော့ သူ့အကြောင်း မဟုတ်မမှန် သတင်းဖော်ပြမှုတွေကို လှောင်ပြောင် တုံ့ပြန်ချင်လို့ တမင် ပြောခဲ့တာလို့ ထရမ့်က နောက်ပိုင်းမှာ ဖြေရှင်းခဲ့ပါတယ်။

ဒါပေမဲ့ သူပိုင်ဆိုင်တဲ့ ကုမ္ပဏီ Trump Organizationဟာ Trump 2028ဆိုတဲ့ စာတန်းနဲ့ ဦးထုပ်တွေကို ရောင်းချနေခဲ့တာကြောင့် ထရမ့်ဟာ ၂၀၂၈ ရွေးကောက်ပွဲမှာ နောက်တစ်ကြိမ် ယှဉ်ပြိုင်ဦးမလားဆိုတဲ့ ထင်ကြေးတွေကို ပိုပြီး အားကောင်းစေခဲ့ပါတယ်။

NBCနဲ့ အင်တာဗျူးမှာတော့ ထရမ့်က သူ့ကို တတိယ သမ္မတသက်တမ်းအတွက် ရွေးကောက်ပွဲ ယှဉ်ပြိုင်စေချင်တဲ့သူတွေ အများကြီး ရှိနေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဦးထုပ်တွေ ရောင်းနေကြတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ထရမ့်က ဒါဟာ သူက ၂၀၂၈ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ဘူးလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

နောက်ပြီး လက်ရှိ ဒုတိယ သက်တမ်း ၄ နှစ်တာ အတောအတွင်းမှာတင် ထူးခြားပြောင်မြောက်တာတွေ လုပ်ပြဖို့ အချိန်တွေ အများကြီး လုံလုံလောက်လောက် ရှိနေတယ်လို့ သူယုံကြည်ကြောင်းလည်း ထရမ့်က ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် လေတပ်စခန်းကနေ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ရုပ်သိမ်းခဲ့တာဟာ ခြိမ်းခြောက်မှု အခြေအနေတချို့ ကြုံနေတာကြောင့် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဒီဇယ်တင်ပို့ ရောင်းချမှုတွေကို အမေရိကန်က ကန့်သတ် ပိတ်ပင်သွားမှာ မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)ကို စူပါဉာဏ်ရည် (SI)လို့ နာမည်ပြောင်းလဲ သတ်မှတ်တဲ့ အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

Facebook