Connect with us

Hi, what are you looking for?

သတင်း

ဆန္ဒပြခံရပြီးနောက် ကယန်းဒေသအား မတည်ငြိမ်အောင်လှုံ့ဆော်မှုများကို ထိရောက်စွာဟန့်တားမည်ဟု ကယန်းပြည်သစ်ပါတီ ခြိမ်းခြောက်

ကယန်းဒေသအား မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှုများကို ထိရောက်စွာဟန့်တားမည်ဟု ကယန်းပြည်သစ်ပါတီ(KNLP)က ယနေ့(မေလ ၅ရက်) တွင် ခြိမ်းခြောက် ထုတ်ပြန်သည်။

သိကျိတ်ကျေးရွာအတွင်း ကျင်ခွက်သမားများအမျိုးသမီးသပိတ်ဖြင့် ကန့်ကွက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ − ပရာဒေါင်း ဆွေမျိုးစု

မေ ၆၊ ၂၀၂၅။ရဲခေါင်/People’s Spring

ကယန်းဒေသအား မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှုများကို ထိရောက်စွာဟန့်တားမည်ဟု ကယန်းပြည်သစ်ပါတီ(KNLP)က ယနေ့(မေလ ၅ရက်) တွင် ခြိမ်းခြောက် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ကယန်းဒေသရှိ မြင်းမထိတောင်၌ သတ္တုတူးဖော်နေသည့် ကယန်းပြည်သစ်ပါတီဥက္ကဌကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ကို ဒေသခံ တစ်နိုင်တစ်ပိုင်ကျင်ခွက်သမား အမျိုးသမီးများက မေလ ၁ရက်မှ ၅ရက်အထိ ကန့်ကွက်ဆန္ဒပြခံရအပြီးတွင် ထုတ်ပြန်လာခြင်း ဖြစ်သည်။

ကယန်းပြည်သစ်ပါတီ(KNLP)ဥက္ကဌ ဦးသန်းစိုးနိုင်၏ လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်လူမျိုးမစ္စတာဝမ်၏ ကုမ္ပဏီသိကျိတ်ကျေးရွာ မြင်းမထိတောင်ပေါ်၌ သတ္တုတူးဖော်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကယန်းပြည်သစ်ပါတီ KNLPသည် မြန်မာ့နိုင်ငံရေး၏ အဓိကအရင်းခံ နိုင်ငံရေးပြဿနာ အကြပ်အတည်း မဖြေရှင်းနိုင်သောအခြေအနေနှင့် ဆက်စပ်ပတ်သက်မှုကြောင့် ကယန်းဒေသ၏ တည်ငြိမ်မှုနှင့်ဖွံ့ဖြိုး ရေးလုပ်ငန်းလုပ်ဆောင်နိုင်ရန်အတွက် UNနှင့် ကမ္ဘာ့နိုင်ငံကြီးတို့မှ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခပြဿနာဖြေရှင်းနိုင်ရေး လမ်းညွှန်မှုတောင်းဆိုချက်အရ ကယန်းပြည်သစ်ပါတီ KNLPက တတ်စွမ်းသမျှ ဆက်စပ်ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။

ထို့ကြောင့် ကယန်းဒေသ၏အစိပ်အပိုင်းအား မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ဖန်တီးခြင်း၊ ကယန်းဒေသတစ်ခုလုံး၏ ပျက်စီးရေးကို ရည်ရွယ်ပြီး မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ဖန်တီးခြင်း၊ ထိုသို့ ကယန်းပြည်သူလူထု၏ အကျိုးစီးပွားကို ခြိမ်းခြောက်အန္တရာယ်ပြုခြင်းအား ထိရောက်စွာဟန့်တားကာကွယ်သွားမည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ) စစ်အစိုးရမှ အပစ်အခပ်ရပ်စဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လက်တွဲပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်ကမ်းလှမ်းချက်အပေါ်အပစ်အခတ်ရပ်စဲကာ ကယန်းအမျိုးသားတို့၏ နိုင်ငံရေးဦးတည်ချက်ပန်း တိုင်ကိုဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေသော တိုင်းရင်သားလက်နက်ကိုင်EROs နိုင်ငံရေးပါတီ တစ်ရပ်လည်းဖြစ်ပါသည်။

ကယန်းပြည်သစ်ပါတီ KNLPသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် အပစ်အခတ်ရပ်စဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။ထို့အပြင် ကျန်းမာရေး၊ပညာရေး၊လမ်းတံတားနှင့် အခြေခံအဆောက်အအုံများ ဖော်ဆောင်မှုကြောင့် အောင်သီး၊အောင်ပွင့်များရရှိနေကြောင်းလည်း KNLPက ဆိုသည်။

“ဒါက ဘာနဲ့တူလဲဆိုတော့ ငါတို့အခွန်မကောက်ဘူး။ဒါပေမယ့် ဒေသတွင်းမှာရှိတဲ့ အရာငါတို့ကြိုက်တာလုပ်မယ်။ထုတ်မယ်။ရောင်းမယ်။ဒေသခံပြည်သူတွေက ပါးစပ်ပိတ်နေကြ။ကယန်းတော်လှန်ရေးဦးဆောင်ခဲ့တဲ့ သူတွေကိုမှအားမနာစတမ်း ဒီလိုစာမျိုးထုတ်ရဲတယ်။စစ်တပ်နဲ့အပစ်ရပ်ထိပ်ပိုင်းကကောင်တွေက ရန်ကုန်လိုနေရာမျိုးမှာမြေကွယ်တွေဝယ်။အကြီးစားချမ်းသာ မှုတွေရ။အခု သူတို့ (KNLP)ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ သူတို့ပိုင်ဆိုင်မှုကို ဒေသခံလူထုကို ချပြရဲလားလို့ မေးချင်တယ်”ဟု ကယန်းဒေသခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မျက်မှောက်နိုင်ငံရေးသည် ၂၀၂၀ရွေးကောက်ပွဲအခြေခံကာ နောက်ဆက်တွဲဆိုးကျိုးဖြစ်ရပ်များကြောင့် ကယန်းဒေသအပါအဝင် သေကြေပျက်စီးဆုံးရှုံးခဲ့မှုများနှင့် လူမှုဘဝဒုက္ခပေါင်းစုံခံစားနေရသည်ဟု ဆိုသည်။

“စခတွေ အာဏာသိမ်းတုန်းက NLDကို အပြစ်ဖို့သလိုမျိုးပဲ။ငါတို့က ကောင်းတယ်။သူတို့က မကောင်းလို့ဆိုတဲ့ နိုင်ငံရေးသူငယ်နာမစင်တဲ့ စကားလုံးတွေ သုံးတာတွေ့ရတယ်။လူထုကို အခြေမခံတဲ့ အဖွဲ့အစည်းက တချိန်ဒုက္ခရောက်လိမ့်မယ်။ အမျိုးသားရေးနဲ့ အကျိုးစီးပွားရောစပ်နေတဲ့သူတွေကို ဒေသခံတွေက ကွဲကွဲပြားပြားမြင်နေကြပါပြီ”ဟု ကယန်းဒေသခံတစ်ဦးက ပြောသည်။

မြင်းမထိတောင်ဒေသတွင် သတ္တုတူးဖော်မည့်လုပ်ရပ်များကို အပြီးပိုင်ဆုတ်ခွာ ရုပ်သိမ်းပေးရန် ပရာဒေါင်းဆွေမျိုးစုက ဧပြီ ၁၄ရက်တွင် ထုတ်ပြန်ထားသည်။

၂၀၂၁မှစတင်ခဲ့သော နွေဦးတော်လှန်ရေး မပြီးမချင်း ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသအတွင်း အကြီးစား သတ္ထုတူးဖော်မည့် မည်သည့်ကုမ္ပဏီများကိုမဆို ပရာဒေါင်းဆွေမျိုးစုမှ လုံးဝခွင့်မပြု ကြောင်းလည်း ကြေညာခဲ့သည်။

ပရာဒေါင်းဆွေမျိုးစုသည် ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စု၏ ဆွေမျိုးစုတစ်ခုဖြစ်ပြီး ပရာဒေါင်းဆွေမျိုးစုရှိသည့်မြင်းမထိဒေသသည် ကယန်းပြည်သစ်ပါတီ KNLP၏ ထိန်းချုပ်နယ်မြေအတွင်းရှိနေသည်။

အကြီးစားသတ္တုတူးဖော်မှုကြောင့် အိမ်ခြေ ၃၀ကျော်ရှိသည့် စခန်းကြီးရွာ‌‌ဟောင်းဒေသခံများ ရွာလုံးကျွတ်ရွေ့ပြောင်းခြင်း၊အိမ်ခြေ ၆၀ကျော်ရှိသည့် စခန်းကြီးရွာသစ်၊ အိမ်ခြေ ၃၀ခန့်ရှိသည့် ကုန်းဆုံကျေးရွာနှင့် အိမ်ခြေ ၄၀၀ခန့်ရှိသော သိကျိတ်ကျေးရွာတို့ကိုလည်း ဘေးဥပါဒ်ဖြစ်စေနိုင်ကြောင်း ပရာဒေါင်းဆွေမျိုးစုက အသိပေးထားသည်။

လက်ရှိကယန်းပြည်သစ်ပါတီ(KNLP)ဥက္ကဋ္ဌ သန်းစိုးနိုင်၊ ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC)အား ဗိုလ်မှူးချုပ်အိုက်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော်(KNLA)၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်မြားနို ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်နှင့် အပစ်ရပ်ထားသည့် ကယန်းပြည်သစ်ပါတီ/ကယန်းပြည်သစ်တပ်မတော်(KNLP/KNLA)၏ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်က ဒရုန်းဖြင့် ဗုံးကြဲ၍ ကယန်းပြည်သစ်ရဲဘော် သုံးဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့က လူထုနွေဦးသို့​ ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကယန်းဒေသရှိ မြင်းမထိတောင်၌ သတ္တုတူးဖော်မှုရပ်ဆိုင်းရေးတောင်းဆိုသည့် ပရာဒေါင်းဆွေမျိုးစုဥက္ကဌ ကိုအောင်နိုင်စိုး ၊ နာယကဦးဘမောင်နှင့် လူငယ်အတွင်းရေးမှူးကိုမင်းနိုင်တို့ကို ကယန်းပြည်သစ်ပါတီက ဖမ်းဆီးသွားသည်။

သတင်း

မေ၁၆ရက်​နောက်ဆုံးထားလုပ်ငန်းရပ်ဆိုင်ယထွက်ခွာရန်ပရာဒေါင်းဆွေမျိုးစုက​တောင်းဆို၊မလိုက်နာပါက​​​နောက်ဆက်တွဲဆိုးကျိုးအားလုံလေးပွင့်ကြယ်ကုမ္ပဏီနှင့်သာသက်ဆိုင်​ကြောင်းသတိ​ပေး

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ကယန်းဒေသရှိ မြင်းမထိတောင်သတ္တုလုပ်ကွက်သို့ ရိက္ခာပို့ယာဥ်အား ဒေသခံများကတားဆီးရာ အဆိုပါသတ္ထုတူးဖော်မှုလုပ်ကိုင်နေသော တရုတ်ကုမ္ပဏီက လက်နက်ကိုင်များခေါ်၍ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။