Connect with us

Hi, what are you looking for?

သတင်း

မြင်းမထိတောင်သတ္တုတူးဖော်မှုရပ်ဆိုင်းရေး ညှိနှိုင်းမှုအဆင်မပြေ

မေ၁၆ရက်​နောက်ဆုံးထားလုပ်ငန်းရပ်ဆိုင်ယထွက်ခွာရန်ပရာဒေါင်းဆွေမျိုးစုက​တောင်းဆို၊မလိုက်နာပါက​​​နောက်ဆက်တွဲဆိုးကျိုးအားလုံလေးပွင့်ကြယ်ကုမ္ပဏီနှင့်သာသက်ဆိုင်​ကြောင်းသတိ​ပေး

မေ၁၆ရက်​နောက်ဆုံးထားလုပ်ငန်းရပ်ဆိုင်ယထွက်ခွာရန်ပရာဒေါင်းဆွေမျိုးစုက​တောင်းဆို၊မလိုက်နာပါက​​​နောက်ဆက်တွဲဆိုးကျိုးအားလုံလေးပွင့်ကြယ်ကုမ္ပဏီနှင့်သာသက်ဆိုင်​ကြောင်းသတိ​ပေး

​မေ-၁၀၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်၊ကယန်း ဒေသ၊မြင်းမထိတောင်တွင် သတ္တုတူးဖော်မှုရပ်ဆိုင်းရေးညှိနှိုင်းမှုအဆင်မပြေကြောင်း ပရာဒေါင်းဆွေမျိုးစုကထုတ်ပြန်သည်။

မေလ ၉ ရက်တွင် ကယန်းပြည်သစ်ဗဟိုကော်မတီဝင် ၁၅ ဦးသည် မြင်းမထိတောင်ရှိရာ သိကျိတ်ကျေးရွာ၏ ငိန်းကယန်းထန်ခန်းမဆောင်တွင် ပရာဒေါင်းဆွေမျိုးစု နှင့် လေးပွင့်ကြယ်ကုမ္ပဏီကြားလာရောက်စေ့စပ်ညှိနှိုင်းခဲ့သော်လည်း မည်သည့် သဘော တူညီချက်မှ မရရှိခဲ့ဟု ​ပရာဒေါင်းဆွေမျိုးစု ဗဟို​ကော်မတီ၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

လေးပွင့်ကြယ်ကုမ္ပဏီသည် ကယန်းပြည်သစ်ပါတီ KNLP ဥက္ကဌဦးသန်းစိုးနိုင်ပိုင်ဆိုင်ပြီး ၎င်းနှင့်ပူး​ပေါင်း၍ မစ္စတာဝမ်ကုမ္ပဏီ (တရုတ်ကုမ္ပဏီ) သည် သိကျိတ်ကျေးရွာ မြင်းမထိတောင်ပေါ်၌ သတ္တုတူးဖော်နေသည်။မြင်းမထိဒေသသည် ကယန်းပြည်သစ်ပါတီ KNLP ၏ထိန်းချုပ်နယ်မြေအတွင်းရှိနေခြင်းဖြစ် သည်။

Public Service Announcement

Public Service Announcement

“ သူတို့က ဆုံးဖြတ်ချက်လာပေးတာမဟုတ်ပဲနှစ်ဦးနှစ်ဖက်ပြေပြေလည်လည်ဖြစ်အောင် နည်းလမ်းပေးတာ အကြံပေးတာ ဆိုတာလောက်ပဲ ပြောပြီး အစည်း အဝေးပိတ်သိမ်းလိုက်ရတယ်။အစည်းအဝေးမှာကျနော်တို့ကတော့ လုံးဝ ရပ်ဆိုင်းပေးဖို့ပဲ အတိအလင်းတောင်းဆိုခဲ့ပါတယ်” ဟုပရာဒေါင်းဆွေမျိုးစုမှ လူငယ်တဦးက ညှိနှိုင်းခဲ့မှုအ​ခြေအနေကိုရှင်းပြသည်။

ဆက်လက်၍ “ ကျနော်တို့ တို့ဘက်က ဆွေမျိုးစု အကြီးအကဲတွေ ၊ လူငယ်ဗဟိုကော်မတီဝင်တွေ၊ ကျေးရွာအုပ်ချုပ်ရေး ကောင်မတီဝင်တွေ အစုံအညီတက်ရောက်လာကြပေမယ့် ကယန်းပြည်သစ်ပါတီကိုယ်စားလှယ် ၁၅ ဦးကတက်ရောက်လာပေမယ့် မည်သည့်ဆုံးဖြတ်ချက်မှ မချနိုင်တဲ့အတွက်လည်း စိတ်မကောင်းဘူး။ပြီးတော့ဝတ္တရားအရလာတက်တဲ့လေးပွင့်ကြယ်ဘက်ကကိုယ်စားလှယ်တစ်ချို့ကိစ္စအတွက်ရောပဲ” ဟု သိကျိတ်ကျေးရွာနေပြည်သူတစ်ဦးက ​ပြောသည်။

ထို့အတူ မြင်းမထိဒေသတွင်မည်သည့် အကြီးစားခဲသတ္တုတူးဖော်မှုများကို ခွင့်မပြုစေလိုကြောင်းနှင့် ၎င်းတို့၏တောင်းဆိုချက်အတိုင်းဆက်လက်လုပ် ဆောင်မည်ဟုလည်း အသိပေးသည်။

လေးပွင့်ကြယ်ကုမ္ပဏီသည် မြင်းမထိတောင်တွင်အကြီးစားသတ္တုတူးဖော်ခြင်းနှင့်ပတ်သက်၍ ဒေသခံပရာ ဒေါင်းဆွေမျိုးစုနှင့်ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ တရုတ် နိုင်ငံမာစတာဝမ်ကုမ္ပဏီနှင့် ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။

ထို့ကြောင့်ပရာဒေါင်းဆွေမျိုးစုက လေးပွင့်ကြယ် ကုမ္ပဏီထံ နှုတ်ဖြင့်၊စာဖြင့် အကြိမ်ကြိမ်အခါခါ ကန့်ကွက်ခဲ့ပြီးနောက် လေးပွင့်ကြယ်ကုမ္ပဏီကိုယ်စား လှယ်များနှင့် ပရာဒေါင်းဆွေမျိုးစုတို့ နှစ်ကြိမ်သာ ဆွေးနွေးခဲ့ပြီး တောင်းဆိုချက်များကို လေးပွင့်ကြယ် ကုမ္ပဏီကပွင့်လင်းမြင်သာစွာချပြနိုင်ခဲ့ခြင်းမရှိ ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပရာဒေါင်းဆွေမျိုးစုသည် လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီပူးပေါင်း၍ မြင်းမထိတောင်သတ္တုတူးဖော်မည့်ကိစ္စကိုအပြီးအပိုင်နောက်ဆုတ်ရုပ်သိမ်းပေးရန် ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့သော ကယန်းပြည်သစ်ဗဟိုကော်မတီဝင်များမှတဆင့် တရားဝင်ထပ်မံ တင်ပြတောင်းဆိုခဲ့ကြောင်းလည်း အသိ​ပေးထားသည်။

လက်ရှိမြင်းမထိတောင်တွင်လေးပွင့်ကြယ်ကုမ္ပဏီက ဖော်ဆောင်နေသည့်လုပ်ကွက်နှင့် လုပ်ငန်းမှန်သမျှသည် ဒေသခံပရာဒေါင်းဆွေမျိုးစု၏ ခွင့်ပြုထောက်ခံမှုမရှိသဖြင့် တရားမဝင်ကြောင်း သတ်မှတ်သည်ဟုလည်း ပရာဒေါင်းဆွေမျိုးစုက​ကြေညာသည်။

ပရာဒေါင်းဆွေမျိုးစုဘက်ကလေးပွင့်ကြယ်ကုမ္ပဏီနှင့်ပတ်သက်သော လုပ်ငန်းများအပြီးအပိုင်မထွက်ခွာ မချင်း ပြင်းထန်သောသပိတ်လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးသည်။

​လေးပွင့်ကြယ်ကုမ္ပဏီဘက်မှ ​မေ ၁၆ ရက်​နောက်ဆုံးထား၍ ကုမ္ပဏီ တာဝန်ရှိသူမှလုပ်သား၊ လုံခြုံ​ရေးဝန်ထမ်းအထိ့အားလုံး နှင့် စက်ယန္တရားများယူ​ဆောင်၍ မြင်းမထိတောင်​လုပ်ငန်းမှ အပြီးထွက်ခွာသွားရန်​တောင်းဆိုထားသည်။သတ်မှတ်ရက်အတွင်းဆုတ်ခွာသွားခြင်းမရှိပါက ဖြစ်​ပေါ်လာမည့်​နောက်ဆက်တွဲ ဆိုးကျိုးအားလုံးသည် ​လေးပွင့်ကြယ်ကုမ္ပဏီ နှင့်သာသက်ဆိုင်​ကြောင်းသတိ​ပေးထားသည်။

ပရာဒေါင်းဆွေမျိုးစုသည် ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စု၏ ဆွေမျိုးစု တစ်ခု ဖြစ်ပြီး သိကျိတ်ကျေးရွာ မြင်းမထိဒေသတွင် ပရာဒေါင်းဆွေမျိုးစုရှိသည်။

မြင်းမထိတောင်တွင် အကြီးစားသတ္တုတူးဖော်မှုကြောင့် အိမ်ခြေ ၃၀ ကျော်ရှိသည့် စခန်းကြီးရွာ‌‌ဟောင်း ဒေသခံများ ရွာလုံးကျွတ် ရွေ့ပြောင်းခြင်း၊အိမ်ခြေ ၆၀ ကျော်ရှိသည့် စခန်းကြီးရွာသစ်၊ အိမ်ခြေ ၃၀ ခန့်ရှိသည့် ကုန်းဆုံကျေးရွာ နှင့် အိမ်ခြေ ၄၀၀ ခန့်ရှိသော သိကျိတ်ကျေးရွာတို့ကိုလည်း ဘေးဥပါဒ် ဖြစ်စေနိုင်ကြောင်း ပရာဒေါင်း ဆွေမျိုးစုက ကနဦး ထုတ်ဖော်​ပြောဆိုထားသည်။

(မြင်းမထိတာင်မှ သတ္ထုတူး​ဖော်မှုထွက်ခွာသွားရန်​ဒေသခံများက ​မေလ ၁၀ ရက်တွင်ဆန္ဒပြစဥ်။ဓါတ်ပုံ-ပရာဒေါင်းဆွေမျိုးစု)

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

ထိုင်းမှာ ဝနီတပ်လို့ ခေါ်လေ့ရှိတဲ့ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)ရဲ့ သတ္တုတူးဖော်မှု လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ တုံ့ပြန်မှုမျိုးတွေကို ထိုင်းအရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆိုလာကြပါတယ်။

သတင်း

ဖမ်းဆီးခံထားရသည့် ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်များ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ငါးရက်အကြာတွင် ပြန်လွတ်လာကြောင်း ဖယ်ခုံမြို့နယ်၊ သိကျိတ်ဒေသခံများက လူထုနွေဦးသို့ အတည်ပြုသည်။

သတင်း

ပရာဒေါင်းဆွေမျိုးစုနှင့် လေးပွင့်ကြယ်ကုမ္ပဏီတို့အကြား ဖြစ်ပေါ်နေသည့် မကြေလည်မှုများကို နှစ်ဦးနှစ်ဖက်ပြေလည်သွားသည်အထိ ဆောင်ရွက်မည်ဟု ကယန်းပြည်သစ်ပါတီ (KNLP) ဗဟိုကော်မတီက ယနေ့(မေလ ၁၉ ရက်) ထုတ်ပြန်သည်။

သတင်း

ဖမ်းဆီးခေါ်ဆောင်ထားသည့် ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ၊ ဒုဥက္ကဌ၊နာယကနှင့် လူငယ်အတွင်းရေးမှူးတို့ကို ယနေ့(မေလ ၁၉ ရက်) ညနေ ၄နာရီ နောက်ဆုံးထားပြန်လွှတ်ပေးရန် ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီက ထုတ်ပြန်သည်။