Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေတပ်စခန်းတွေ တိုက်ခိုက်ခံရလို့ အိန္ဒိယကို လက်တုံ့ပြန်ခဲ့ကြောင်း ပါကစ္စတန်ပြော

လေတပ်စခန်းတွေကို အိန္ဒိယဖက်က တိုက်ခိုက်ခဲ့တဲ့နောက် စစ်ရေးအရ လက်တုံ့ပြန်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။

AFP

လေတပ်စခန်းတွေကို အိန္ဒိယဖက်က တိုက်ခိုက်ခဲ့တဲ့နောက် စစ်ရေးအရ လက်တုံ့ပြန်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။

မေလ ၁၀ ရက်နေ့ မနက်အစောပိုင်းက အိန္ဒိယဖက်က ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေထဲက တချို့ဟာ ပါကစ္စတန်ရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကို ကျော်လွှားလာခဲ့တယ်လို့လည်း ပါကစ္စတန်က ဆိုပါတယ်။ အနည်းဆုံး လေတပ်စခန်း ၃ ခုလောက်ကို အိန္ဒိယက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့နောက် ပါကစ္စတန်ကလည်း လက်တုံ့ပြန် တိုက်ခိုက်နေပြီလို့ ထုတ်ပြန်ခဲ့တာပါ။

အဲဒီနောက်မှာတော့ ကက်ရှ်မီးယား ဒေသရဲ့ အိန္ဒိယ ထိန်းချုပ်ထားရာ အစိတ်အပိုင်းထဲမှာ ပါဝင်တဲ့ ဆရီနာဂါမြို့မှာ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိန္ဒိယနဲ့ ပါကစ္စတန်ကြားက နယ်စပ်မျဉ်းဖြစ်တဲ့ Line of Control တလျှောက်မှာလည်း ပေါက်ကွဲသံတွေ ကြားနေခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေခဲ့တဲ့ အတောအတွင်း အိန္ဒိယရော၊ ပါကစ္စတန်ပါ လေပိုင်နက်ကို ယာယီ ပိတ်ထားရတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ အိန္ဒိယမှာတော့ လူကြိုက်များတဲ့ ခရစ်ကက် ပြိုင်ပွဲ ပွဲစဉ်တွေကို အနည်းဆုံး တစ်ပတ်လောက် ရပ်နားထားဖို့ ညွှန်ကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ပါကစ္စတန်က မေလ ၁၀ ရက်နေ့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေအတွင်း အိန္ဒိယစစ်တပ်ရဲ့ ရုရှားလုပ် S-400 လေကြောင်း ကာကွယ်ရေး စနစ်တစ်ခုကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကြွေးကြော်ထားပြီး အိန္ဒိယကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အိန္ဒိယရဲ့ ထုတ်ပြန်ချက်မှာတော့ ပါကစ္စတန်ဖက်က ပစ်ခတ်လိုက်တဲ့ ဖောက်ခွဲရေး ဒရုန်းတွေ၊ လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းတွေ အပါအဝင် ခဲယမ်းမီးကျောက် တချို့ကို ပစ်ချပြီး ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

နှစ်ဖက်စလုံးရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ရန်သူဖက်က စတင်ရန်စတယ်လို့ အပြန်အလှန် စွပ်စွဲထားပြီး အဲဒီအတွက် လိုအပ်သလို တန်ပြန် စစ်ဆင်ရတာလို့ အသီးသီး ပြောဆိုထားပါတယ်။

မေလ ၇ ရက်နေ့က အစပြုခဲ့တဲ့ နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခမှာ စစ်စခန်းတွေကို ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်လာနေတဲ့ အခြေအနေအပေါ် နိုင်ငံတကာ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပေမယ့် လက်ရှိ အိန္ဒိယ-ပါကစ္စတန် ပြဿနာဟာ အလုံးစုံ စစ်ပွဲကြီး အဆင့်ထိ ကျယ်ပြန့်သွားနိုင်လောက်အောင် ဆက်တိုက် တင်းမာလာနေပါတယ်။

ပါကစ္စတန်နဲ့ အိန္ဒိယတို့ဟာ သမိုင်းတလျှောက် စစ်ပွဲကြီး ၄ ကြိမ် ဖြစ်ပွားခဲ့ဖူးပြီးပါပြီ။ အာရှတောင်ပိုင်း ဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံဟာ နျူကလီးယား လက်နက်တွေ အသီးသီး ပိုင်ဆိုင်ထားကြခြင်းကလည်း လက်ရှိ စစ်ရေး ပဋိပက္ခနဲ့ ပတ်သက်ရင် ပိုပြီး စိုးရိမ်ရမယ့် ညွှန်ကိန်းတစ်ခု ဖြစ်နေပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မိုင်းလုပ်သား ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။