Connect with us

Hi, what are you looking for?

သတင်း

ဒေါနတောင်တန်း အရှေ့ခြမ်းက တာလယ်ဗျုဟာ ကို KNU ဝန်းရံပိတ်ဆို့တိုက်ခိုက်

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။

မေ – ၁၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။

ဘားအံခရိုင် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ တပ်မဟာ (၇) စစ်ရေးလှုပ်ရာန​ယ်မြေထဲက တာလယ်ကျေးရွာအနီးမှာရှိတဲ့ ဗျုဟာစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တို့က မေလ ၉ ရက်က စတင်တိုက်ခိုက်နေတာပါ။

ထိုင်းနယ်စပ်အနီးက တခေါဘီခွီးစခန်းကို သိမ်းယူလိုက်တဲ့ နေ့မှာပဲ ညပိုင်းမှာ တာလယ်ဗျုဟာစခန်းကို KNU က တပါတည်း တိုက်ခိုက်တာလည်းဖြစ်ပါတယ်။ တာလယ်ဗျုဟာစခန်းဟာအဲဒီ ဒေသတွင်းမှာ အကြီး ဆုံးစခန်းလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စခန်းကို KNU က ဝန်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ဘက်ကလည်းနေ့စဉ်နီးပါး လေကြောင်းကနေ ပစ်ကူပေးပြီး တိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေကြောင့် တာလယ်ကျေးရွာ ဒေသခံရွာသူ၊ရွာသားတွေ ရွာလုံးကျွတ် နီးပါး ထိုင်းဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

လှိုင်းဘွဲ့မြို့နယ်​၊ဒေါနတောင်တန်းအရှေ့ဘက် က ထိုင်းနယ်စပ် တလျောက်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNU က တိုက်ခိုက်သိမ်းယူနေတာဖြစ်ပြီး အခုနှစ်အတွင်းမှာ ပူးလူးတူ၊ ခလယ့်ဒေး၊ မော်ဖားသူ၊ တခေါဘီခီးစခန်းတွေကို သိမ်းယူထားပြီးဖြစ်ပါတယ်။

အဲဒီဒေသမှာ တာလယ်ဗျုဟာစခန်းအပါအဝင် မော်ဖိုးခီ့(မော်ဖိုးကေ)၊ မယ်လ နဲ့ နော်တရာတောင်စခန်းတို့ ကျန်ရှိနေပါတယ်။

ဒါပေမယ့် လက်ကျန်တပ်စခန်းတွေဆီ စစ်ကောင်စီတပ်က မြေပြင်စစ်ကူ မလွှတ်နိုင်တော့ဘဲ လေကြောင်းပစ်ကူကိုသာပေးနိုင်တော့တဲ့အခြေအနေဖြစ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အသိပေးပါတယ်။

ထိုင်းနယ်စပ်အနီးက တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်တာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook