Connect with us

Hi, what are you looking for?

သတင်း

ဒေါနတောင်တန်း အရှေ့ခြမ်းက တာလယ်ဗျုဟာ ကို KNU ဝန်းရံပိတ်ဆို့တိုက်ခိုက်

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။

မေ – ၁၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။

ဘားအံခရိုင် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ တပ်မဟာ (၇) စစ်ရေးလှုပ်ရာန​ယ်မြေထဲက တာလယ်ကျေးရွာအနီးမှာရှိတဲ့ ဗျုဟာစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တို့က မေလ ၉ ရက်က စတင်တိုက်ခိုက်နေတာပါ။

ထိုင်းနယ်စပ်အနီးက တခေါဘီခွီးစခန်းကို သိမ်းယူလိုက်တဲ့ နေ့မှာပဲ ညပိုင်းမှာ တာလယ်ဗျုဟာစခန်းကို KNU က တပါတည်း တိုက်ခိုက်တာလည်းဖြစ်ပါတယ်။ တာလယ်ဗျုဟာစခန်းဟာအဲဒီ ဒေသတွင်းမှာ အကြီး ဆုံးစခန်းလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စခန်းကို KNU က ဝန်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ဘက်ကလည်းနေ့စဉ်နီးပါး လေကြောင်းကနေ ပစ်ကူပေးပြီး တိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေကြောင့် တာလယ်ကျေးရွာ ဒေသခံရွာသူ၊ရွာသားတွေ ရွာလုံးကျွတ် နီးပါး ထိုင်းဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

လှိုင်းဘွဲ့မြို့နယ်​၊ဒေါနတောင်တန်းအရှေ့ဘက် က ထိုင်းနယ်စပ် တလျောက်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNU က တိုက်ခိုက်သိမ်းယူနေတာဖြစ်ပြီး အခုနှစ်အတွင်းမှာ ပူးလူးတူ၊ ခလယ့်ဒေး၊ မော်ဖားသူ၊ တခေါဘီခီးစခန်းတွေကို သိမ်းယူထားပြီးဖြစ်ပါတယ်။

အဲဒီဒေသမှာ တာလယ်ဗျုဟာစခန်းအပါအဝင် မော်ဖိုးခီ့(မော်ဖိုးကေ)၊ မယ်လ နဲ့ နော်တရာတောင်စခန်းတို့ ကျန်ရှိနေပါတယ်။

ဒါပေမယ့် လက်ကျန်တပ်စခန်းတွေဆီ စစ်ကောင်စီတပ်က မြေပြင်စစ်ကူ မလွှတ်နိုင်တော့ဘဲ လေကြောင်းပစ်ကူကိုသာပေးနိုင်တော့တဲ့အခြေအနေဖြစ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အသိပေးပါတယ်။

ထိုင်းနယ်စပ်အနီးက တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်တာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုထဲ၌ အဖွဲ့ဝင်အဖြစ်ပါဝင်ရန် သေချာဟု KNU ထပ်မံအသိပေး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်၏ လမ်းကင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း People Defence Force Thandaung တာဝန်ရှိသူက ပြောသည်။

သတင်း

ကရင်ပြည်နယ် ဖာပွန် - ကမမောင်း လမ်းပိုင်းက ကတိုင်တိစခန်းကို တိုက်ယူပြီး ငါးလနီးပါးအကြာမှာ ပြန်လည်လက်လွှတ်လိုက်ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှု မှတ်တမ်းများစွာ ရှိပြီး အဆိုပါ အကြမ်းဖက်မှုများအတွက် တနေ့ ပြန်လည်တာဝန်ခံရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားသည်။