Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ စစ်ကောင်စီကို အမေရိကန်နဲ့ ပြင်သစ် တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ပဋိပက္ခအဆုံးသတ်ဖို့ အတိုက်အခံအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က တိုက်တွန်းလိုက်ပါတယ်။

မေ-၁၅၊ ၂၀၂၅။ အီယိုရီ/People’s Spring

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ပဋိပက္ခအဆုံးသတ်ဖို့ အတိုက်အခံအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က တိုက်တွန်းလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာမတွေ သေဆုံးခဲ့တဲ့သတင်းတွေကြောင့် အလွန်အမင်း စိတ်မကောင်းဖြစ်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“လေကြောင်းတိုက်ခိုက်မှုဟာ စစ်ကောင်စီကြေညာထားတဲ့ အပစ်ခတ်ရပ်စဲရေးကို ချိုးဖောက်တာဖြစ်ပါတယ်”လို့ တမ်မီဘရုစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ကလည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အဓိက ပါဝင်တဲ့ လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အဲဒီ တိုက်ခိုက်မှုကို ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး အခု အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအသစ်ဟာ မြန်မာစစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု ဗျူဟာရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ အလားတူဗုံးကြဲတိုက်ခိုက်မှုမျိုးကို လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ကြောက်မက်ဖွယ် မြေငလျင်လှုပ်ခတ်ခဲ့တဲ့ နေရာဒေသတွေမှာလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ သူတို့ရဲ့ ချစ်ခင်ရသူတွေအားလုံးကို ပြင်သစ်နိုင်ငံက စာနာပါကြောင်းနဲ့ ဝမ်းနည်းပါကြောင်း ထုတ်ပြန်ပါတယ်။

ပြင်သစ်နိုင်ငံဟာ မြန်မာပြည်သူတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်နေပြီး နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာကြဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ကြဖို့နဲ့ ပဋိပက္ခမှာ ပါဝင်သူတွေ အားလုံးအကြား တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖွေကြဖို့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။