Connect with us

Hi, what are you looking for?

သတင်း

KIAထိန်းချုပ်ထားသည့် ဆိုင်းတောင်ရွာကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့ဦးတည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် ဆိုင်းတောင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။

ဆိုင်းတောင်ကျေးရွာ ရပ်ကွက် (၄)အတွင်း လက်နက်ကြီးကျပြီး နေအိမ်နှင့် ဆိုင်တန်းအချို့ မီးလောင်နေသည်ကို ၂၀၂၄ စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၁၆၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့ဦးတည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် ဆိုင်းတောင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။

ဆိုင်းတောင်ကျေးရွာကို ယ‌နေ့(မေလ ၁၆ရက်) နေ့လယ်ပိုင်းတွင် ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” ဖားကန့်ကို တည်လာတဲ့ စစ်ကြောင်းက ရှေ့တိုးမရတော့ဘူး။ ဒါ့ကြောင့် ဖားကန့်အတွင်းထဲကို စပြီးတော့ ရမ်းပစ်တာလို့ ထင်တယ်။ လေကြောင်းကိုပါ သတိထားနေကြတယ် ကျတော်တို့”ဟု ဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

ဆိုင်းတောင်ကျေးရွာသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDFပူးပေါင်းတပ်များက ပြီးခဲ့သည့်၂၀၂၄ စက်တင်ဘာလဆန်းမှစတင်ကာ သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် မိုးကောင်း-ကာမိုင်း-နမ့်ယား- လုံးခင်း-ဖားကန့်လမ်းနှင့် မြစ်ကြီးနား-နမ္မတီး-လက်ဝါး-တနိုင်း- ဖားကန့်လမ်းတို့မှတဆင့် အင်အားအများအပြားဖြင့် ဧပြီ၂၃ရက်ကစကာ စစ်ကြောင်းထိုးလာပြီး ယခုအခါ ဖားကန့်နှင့် (၁၇)မိုင်ခန့်အကွာသို့ ရောက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

” အခုက ကပ်မှော်ဇွပ်မှာ စစ်ကြောင်းက။ ရှေ့တက်ဖို့ မလွယ်တော့ဘူး။ ဒီဘက်မှာက တောတွေပဲရှိတာမို့ KIA က စစ်ရေးအသာစီးရနေပြီ ဟုတ်တယ်”ဟု KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

ကာမိုင်း – ဖားကန့်လမ်းပိုင်းအတိုင်းဆိုပါက မအူပင်-ကျောက်ထု-အွမ်ကထောင်-ခင်တောင်- နန့်ယား-ကပ်မှော်ဇွပ်- ဆိုင်းဖရာ- ခွန်ဆိုင်ဇွပ် -ဂေါ်ရီယန်- တံတားညီနောင်- ရုံးတောင်-ပျားအုံ -ကျောက်ထု -နန့်တိန်း -၇မိုင် -၆မိုင် -၅မိုင် -ကျောက်ဖျာ -လယ်ပြင်- လုံးခင်းနှင့် ဖားကန့်ဖြစ်သည်။ စစ်ကောင်စီတပ်သည် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူဖြင့် ရှေ့တိုးရန် ကြိုးစားနေသည်ဟု သိရသည်။

စစ်‌ကောင်စီတပ်စစ်ကြောင်းတွင် ပြည်သူ့စစ်နှင့် ရှမ်းနီ(SNA)တပ်ဖွဲ့ဝင် အများအပြားပါဝင်လာပြီး လက်ရှိစစ်ရေးအခြေအနေကြောင့် လေကြောင်းနှင့်လက်နက်ကြီးအန္တရာယ်သတိထားရန် ဒေသခံအချင်းချင်း သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်သားတွေ တင်လာတဲ့ စစ်လှေကို ဒရုန်းနဲ့ တိုက်ခိုက်ဖောက်ခွဲခံရသလို မြေပြင်မှာလည်း စစ်ကြောင်းလိုက် ကစင့်ကလျားထွက်ပြေး

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဩဂုတ် ၂၄ရက် တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာကာ လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။