Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗာတီကန်ဟာ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးမယ့်နေရာ ဖြစ်လာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဆို

ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ဗာတီကန်ဟာ ဖြစ်နိုင်ခြေ နေရာတစ်ခုလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ဗာတီကန်ဟာ ဖြစ်နိုင်ခြေ နေရာတစ်ခုလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

မေလ ၁၆ ရက်နေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံခဲ့တဲ့နောက် နှစ်ဖက်ကြား စစ်သုံ့ပန်းတွေ လဲလှယ်ဖို့ သဘောတူညီမှု ရခဲ့ပေမယ့် အပစ်အခတ် ရပ်စဲရေး အဆင့်ထိတော့ အထမမြောက်ခဲ့ပါဘူး။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကတော့ အီတလီနိုင်ငံမှာ ပုပ်ရဟန်းမင်းကြီး သီတင်းသုံး အခြေချရာ ဗာတီကန်မြို့ဟာ စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြား နောက်ထပ် ဆွေးနွေးမှုတွေကို လက်ခံဆောင်ရွက်ပေးမယ့် နေရာ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင်ချုပ်ဖြစ်သူ ပုပ်ရဟန်းမင်းကြီး လီယိုကလည်း စစ်ပွဲကို အဆုံးသတ်စေနိုင်ဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ အစွမ်းရှိသမျှ ပံ့ပိုး ကူညီပေးသွားလိုကြောင်း မိန့်ကြားထားပါတယ်။

Public Service Announcement

Public Service Announcement

အီတလီနိုင်ငံရဲ့ မြို့တော် ရောမမှာ မေလ ၁၇ ရက်နေ့တုန်းက ဗာတီကန်ရဲ့ ယူကရိန်း နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ ကာဒီနယ် ရဟန်းအမတ် မက်တီယို ဇူပီနဲ့ မတွေ့ဆုံခင်မှာ ရူဘီရိုက စစ်ရပ်ဆဲရေး ကိစ္စမှာ ဗာတီကန်ဖက်က ဘာတွေ အကူအညီ ပေးနိုင်မလဲ ဆိုတာကို ဆွေးနွေး ညှိနှိုင်းသွားမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဗာတီကန်ဟာ ငြိမ်းချမ်းရေး ပွဲစား ဖြစ်လာနိုင်သလားဆိုတဲ့ မေးခွန်းကိုတော့ ရူဘီရိုက သူဟာ ပွဲစားလို့ မသုံးနှုန်းလိုကြောင်း၊ ဒါပေမဲ့ ဗာတီကန်ဟာ နှစ်ဖက်စလုံးက စိတ်လက် သက်တောင့်သက်သာနဲ့ သွားရောက်လိုတဲ့ နေရာမျိုး ဆိုတာတော့ သေချာကြောင်း ပြန်ဖြေခဲ့ပါတယ်။ စစ်ရပ်စဲရေး အားထုတ်မှုတွေမှာ အပြုသဘောဆောင်ပြီး တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်လိုတဲ့ ဗာတီကန်ရဲ့ ရပ်တည်ချက်ကို အမြဲတမ်း ကျေးဇူးတင်နေရမှာ ဖြစ်တယ်လို့လည်း ရူဘီရိုက ဆိုပါတယ်။

သူဟာ မေလ ၁၇ ရက်နေ့မှာ ဗာတီကန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ရောမမြို့တော် ပိုင်နက်ထဲမှာ တည်ရှိပေမယ့် ကိုယ်ပိုင် မြို့ပြနိုင်ငံငယ် တစ်ခုအဖြစ် ရပ်တည်နေတဲ့ ဗာတီကန်ဟာ သံတမန်ရေးမှာ ဘက်မလိုက်တဲ့ ကြားနေဝါဒကို အစဉ်တစိုက် ဆွဲကိုင်ခဲ့ပါတယ်။ အရင်ကလည်း ဗာတီကန်ဟာ စစ်ရေး ပဋိပက္ခတွေကို ကူညီ ညှိနှိုင်း ဖြေရှင်းပေးဖို့ ကမ်းလှမ်းလေ့ ရှိပေမယ့် ရုရှား-ယူကရိန်း စစ်ပွဲ သုံးနှစ်ကျော် ကာလမှာတော့ ထိထိရောက်ရောက် ပါဝင် ပတ်သက်နိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ်။

ရောမမြို့တော်မှာရှိတဲ့ အမေရိကန် သံရုံးမှာ ဇူပီနဲ့ တွေ့ဆုံခဲ့ချိန်မှာတော့ ရူဘီရိုက သုံ့ပန်းလဲလှယ်ရေး ကိစ္စတွေ အထမြောက်အောင် အားပေးတာ၊ ယူကရိန်း ကလေးတွေ နေရပ်ပြန်နိုင်အောင် ကူညီတာတွေ အပါအဝင် ဗာတီကန်ရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အခန်းကဏ္ဍ လှုပ်ရှားမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။