Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ အိမ်နီးချင်းရဲ့ ခွေးဟောင်သံကို သည်းမခံနိုင်တော့တဲ့သူက ကွန်ဒိုထဲ မြွေကြီးနှစ်ကောင် ခေါ်လာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်က ကွန်ဒိုတစ်ခုမှာ ခွေးဟောင်သံ ဆူညံနေတာကို သည်းမခံနိုင်တော့တဲ့ နေထိုင်သူ တစ်ဦးဟာ ဆန္ဒပြတဲ့ အနေနဲ့ လူသွားစင်္ကြံပေါ်ကို မြွေကြီးနှစ်ကောင် လွှတ်ပေးထားခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်က ကွန်ဒိုတစ်ခုမှာ ခွေးဟောင်သံ ဆူညံနေတာကို သည်းမခံနိုင်တော့တဲ့ နေထိုင်သူ တစ်ဦးဟာ ဆန္ဒပြတဲ့ အနေနဲ့ လူသွားစင်္ကြံပေါ်ကို မြွေကြီးနှစ်ကောင် လွှတ်ပေးထားခဲ့ပါတယ်။

အဲဒီ ကွန်ဒိုဟာ အိမ်မွေးတိရစ္ဆာန်တွေ မမွေးရဘူးဆိုတဲ့ မူဝါဒ သတ်မှတ်ထားပေမယ့် နေထိုင်သူ တစ်ဦးက မလိုက်နာဘဲ ခွေးမွေးထားပါတယ်။ အဲဒီ ခွေးကလည်း ၂ နှစ်လုံးလုံး ခဏခဏ ဆူဆူညံညံ ဟောင်လေ့ရှိပြီး တိုက်ခန်းနေသူတွေ အကြိမ်ကြိမ် တိုင်ကြားမှုကို ကွန်ဒို စီမံခန့်ခွဲရေး အဖွဲ့ကလည်း မျက်ကွယ်ပြုထားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးမှာတော့ သည်းမခံနိုင်တော့တဲ့ အိမ်နီးချင်း တစ်ယောက်ဟာ ခွေးပိုင်ရှင်ရဲ့ အခန်းရှေ့ စင်္ကြံပေါ်ကို မြွေကြီးနှစ်ကောင် ချထားခဲ့တာ ဖြစ်ပါတယ်။

ခွေးပိုင်ရှင်က သူ့ကိုယ်သူ တိရစ္ဆာန် ချစ်သူ တစ်ယောက်အဖြစ် ခဏခဏ ညွှန်းဆိုလေ့ ရှိကြောင်း၊ သူကိုယ်တိုင်ကလည်း တိရစ္ဆာန် ချစ်သူတစ်ဦး ဖြစ်တာကြောင့် မြွေတွေကို မွေးထားလို့ ရမယ်ထင်ကြောင်း မြွေပိုင်ရှင်က ဆိုပါတယ်။ ပြီးတော့ သာပေါင်ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ ကွန်ဒိုခန်း စင်္ကြန်မှာ မြွေကြီးတွေ တွားသွားနေတဲ့ အသည်းယားစရာ ဗီဒီယိုကိုလည်း Facebookမှာ မေလ ၁၉ ရက်နေ့တုန်းက တင်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့တော့ နှစ်ကောင်ပဲ သယ်လာနိုင်သေးကြောင်း၊ နောက်နေ့တွေမှာလည်း နောက်ထပ် မြွေတွေ ယူလာဦးမှာဖြစ်ကြောင်း၊ ဒီနေ့အဖို့ အဲဒီထက်ကြီးတဲ့ အကောင်ကို သယ်မလာနိုင်ခဲ့ကြောင်းလည်း သူ့ရဲ့ ဗီဒီယိုမှာ မြွေပိုင်ရှင်က ရေးသားထားခဲ့ပါတယ်။ အဲဒီမြွေတွေကို သူဘယ်နေရာက ရှာလာသလဲတော့ မသိရသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ လုပ်ရပ်ဟာ ကွန်ဒိုထဲမှာ အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့ပါတယ်။

ဒါတင်မကသေးဘဲ သူတင်ထားခဲ့တဲ့ ဗီဒီယိုဟာလည်း လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ လူပြောများပြီး ပျံ့နှံ့သွားပါတယ်။ တချို့က မြွေတွေကို ကွန်ဒိုထဲ ယူလာခဲ့တယ် ဆိုတာဟာ လုံခြုံရေးအရ မဖြစ်သင့်တဲ့ လုပ်ရပ်လို့ ဝေဖန်ပါတယ်။ တချို့ကလည်း ကွန်ဒို စီမံခန့်ခွဲသူတွေရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းတာကို အပြစ်တင်ခဲ့ကြပါတယ်။ တစ်ယောက်ကတော့ ကွန်ဒို တာဝန်ရှိသူတွေ အနေနဲ့ ခွေးပိုင်ရှင်ကို အရေးမယူဘဲ မြွေတွေ ခေါ်လာတဲ့ ကိစ္စကိုပဲ ပြဿနာ သွားရှာမယ်ဆိုရင် နောက်တစ်နေ့ကျ မြွေတွေက သူတို့ရဲ့ ရုံးခန်းထဲ ရောက်နေလိမ့်မယ်လို့ အရွှန်းဖောက်ခဲ့ပါတယ်။

သက်ဆိုင်ရာ ကွန်ဒိုဟာ အိမ်မွေးတိရစ္ဆာန် မမွေးရဘူးလို့ မူဝါဒ ချမှတ်ထားပေမယ့် တချို့ နေထိုင်သူတွေက ခွေးတွေ၊ ကြောင်တွေ မွေးထားပြီး တခြားအခန်းတွေအတွက် ဆူညံသံ အနှောင့်အယှက် ဖြစ်စေတယ်လို့ ဆိုပါတယ်။ မြွေပိုင်ရှင်က သူ့ရဲ့ အိမ်နီးချင်း မွေးထားတဲ့ ခွေးဟာ အရမ်းဆူပြီး အဲဒီအကြောင်းကို ခဏခဏ ကန့်ကွက်ခဲ့ပေမယ့် ကွန်ဒို တာဝန်ရှိသူတွေက ကိုင်တွယ် ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့ကြောင်း ပြောပါတယ်။

မြွေကိစ္စ ကြုံပြီးတဲ့ အခါမှာတော့ ကွန်ဒိုရဲ့ တာဝန်ရှိသူတွေလည်း မနေသာတော့ပဲ ခွေးပိုင်ရှင်ကို ဘတ် ၁၀၀၀၀ ဒဏ်ရိုက်ခဲ့ပြီး ခွေးဆက်မမွေးဖို့ ညွှန်ကြားခဲ့ပါတယ်။ မြွေပိုင်ရှင်ကိုတော့ တရားဝင် သတိပေးစာ တစ်စောင် ပေးပို့ပြီး နောက်မလုပ်ဖို့ တားမြစ်ခဲ့သလို သူခေါ်လာတဲ့ တွားသွားသတ္တဝါကြီးတွေကို ပြန်ဖယ်ပေးဖို့ပါ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Bangkok Post, Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။