Connect with us

Hi, what are you looking for?

News

လှိုင်မြို့နယ် ကျောင်းကုန်းဈေးအနီး စစ်ကောင်စီလက်ပါးစေသုံးဦးတိုက်ခိုက်ခံရပြီး သေဆုံး

“ဈေးဝယ်လမ်းလျောက်ထွက်တာ အရပ်ဝတ်နဲ့ အဲတာကို ရှင်းတာပါ”ဟု လှိုင် PDF နှင့် နီးစပ်သူက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ လှိုင်မြို့နယ် ကျောင်းကုန်းဈေးအနီးတွင်ယနေ့(နိုဝင်ဘာ ၁၀)ညနေ ၄ နာရီခွဲခန့်က စစ်ကောင်စီလက်ပါးစေသုံးဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း လှိုင် PDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားသည့် ကျောင်းကုန်းဈေးမှာ လှိုင်မြို့နယ် (၇) ရပ်ကွက်နှင့် (၁၃)ရပ်ကွက်ကြား ဓမ္မသုခလမ်းထိပ်တွင်တည်ရှိပြီး စစ်ကောင်စီတပ်သားအချို့ အရပ်ဝတ်ဖြင့် ဈေးလာဝယ်သည်ကို စောင့်စိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဈေးဝယ်လမ်းလျောက်ထွက်တာ အရပ်ဝတ်နဲ့ အဲတာကို ရှင်းတာပါ”ဟု လှိုင် PDF နှင့် နီးစပ်သူက ပြောသည်။

အထက်ပါပစ်ခတ်မှုဖြစ်ပွားပြီး ၁ နာရီခန့်အကြာတွင် စစ်ကောင်စီတပ်သားအချို့ ကျောင်းကုန်းဈေးအနီးရောက်ရှိလာပြီး ပစ်ခတ်မှုများလုပ်ဆောင်စဉ် အရပ်သားလူငယ်တစ်ဦး ကျည်ထိမှန်သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကို ကိုးကားပြီး Hlaing Information က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဈေးတည်ရှိရာ ဓမ္မသုခကျောင်းလမ်းသို့ စစ်ကား ၆ စီးခန့်ရောက်ရှိနေပြီး လမ်းပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။