Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူ သီဟိုဠ်ရှင်ဘုရားပွဲမှာ စစ်တပ်က လူငယ်အများအပြားကို ပိတ်ဆို့ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ကျင်းပနေတဲ့ သီဟိုဠ်ရှင်ဘုရားပွဲမှာ စစ်တပ်က ပွဲလာတဲ့လူငယ်တွေ အများအပြားကို ပိတ်ဆို့ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောပါတယ်။

သီဟိုဠ်ရှင်ဘုရားအဝင်အား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇွန်-၁၀၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ကျင်းပနေတဲ့ သီဟိုဠ်ရှင်ဘုရားပွဲမှာ စစ်တပ်က ပွဲလာတဲ့လူငယ်တွေ အများအပြားကို ပိတ်ဆို့ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောပါတယ်။

ဇွန်လဆန်းမှာ ကျင်းပနေတဲ့ ပခုက္ကူမြို့က သီဟိုဠ်ရှင်ဘုရားပွဲစျေးမှာ ပြီးခဲ့တဲ့ ဇွန်လ(၈)ရက် ညနေ (၅)နာရီခန့်ကပွဲစျေးလာလူငယ်အများအပြားကို စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေက ပတ်ပတ်လည် ပိတ်ဆို့ပြီး ဖမ်းဆီးသွားကြောင်း ပခုက္ကူမြို့ခံတွေက ပြောပါတယ်။

“ပွဲစျေးလာတဲ့ လူငယ်တွေကို ပိတ်ဖမ်းတာ။ ပြေးကြလွှားကြနဲ့ ပွဲစျေးတန်းထဲ ရုတ်ရုတ်သဲသဲတောင် ဖြစ်သွားတယ်။”လို့ ပခုက္ကူဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပွဲစျေးတန်းမှာ လူငယ် (၃၀) ခန့် ဖမ်းဆီးခံလိုက်ရတယ်လို့သိရပြီး အရေအတွက်အတိအကျကို လူထုနွေဦးက သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။ မိသားစုဝင်တွေက လိုက်လံစုံစမ်းပေမဲ့ ဘယ်ခေါ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ တခြားဒေသတွေကို ပို့ဆောင်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရကြောင်း မြို့ခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေပါတယ်။

စစ်ကောင်စီဟာ ဇွန်လဆန်းကစပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်း အစရှိတဲ့ဒေသတွေအပါအဝင် တနိုင်ငံလုံးမှာ လိုင်စင်မဲ့ မော်တော်ယာဥ်တွေကို ဖမ်းဆီးရင်း လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။