Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ကို ဖိတ်တဲ့ ထိုင်းအစိုးရလုပ်ရပ် JFM ရှုတ်ချ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်ဖို့ဖိတ်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း နဲ့ စစ်တပ် တရားဝင်မှုရရှိအောင် လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

(ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြနေတာကို ဩဂုတ် ၃ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - MGR)

ဩဂုတ်-၄၊၂၀၂၆။တေဇ/People’s Spring

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်ဖို့ဖိတ်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း နဲ့ စစ်တပ် တရားဝင်မှုရရှိအောင် လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

“ဒီခရီးစဉ်ကနေတစ်ဆင့် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို မှားယွင်းတဲ့တရားဝင်မှု ပေးအပ်မယ့် ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ကို JFM က ရှုတ်ချပါတယ်။မင်းအောင်လှိုင်က ထိုင်းနိုင်ငံကို သဘာဝဓါတ်ငွေ့ရောင်းချမှုကနေ ရရှိလာတဲ့ အခွန်ဝင်ငွေတွေနဲ့ မြန်မာကလေးသူငယ်တွေကို သတ်ဖြတ်နေပြီး၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဒါဟာ ဘယ်လိုမှ ကာကွယ်ပြောဆိုပေးလို့ မရတဲ့ လုပ်ရပ်ပါ။” လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က‌ပြောပါတယ်။

အမေရိကန် ၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါ နဲ့ ဩစတြေးလျ နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ချမှတ်ထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ် ၆ နဲ့ ၇ရက်မှာ ထိုင်းနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဝီရာကွန် နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်က ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ထိုင်း-မြန်မာစီးပွားရေးကောင်စီကတစ်ဆင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး ဒီလိုတွေ့ဆုံတာကထိုင်းကုမ္ပဏီတွေအနေနဲ့ တရားမဝင်စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်မှုကို ပိုမိုနက်ရှိုင်းလာစေမယ့် အန္တရာယ်ရှိတယ်လို့ JFM က သတိပေးထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေကို ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ လေယာဉ်ဆီစီးဆင်းမှု အရင်းအမြစ်အားလုံး ဖြတ်တောက်ဖို့ ၊ စစ်အုပ်စုနဲ့ အပေါင်းအပါတွေရဲ့ နိုင်ငံဖြတ်ကျော် နိုင်ငံတကာရာဇဝတ်လုပ်ရပ်တွေအတွက် ရာဇဝတ်ကြောင်းအရ အရေးယူတာဝန်ခံ‌ရေးဆောင်ရွက်ဖို့ နဲ့ စစ်တပ်ကို တရားဝင်မှုပေးအပ်တာကို ရပ်တန့်ဖို့ JFM ကတောင်းဆိုထားပါတယ်။

“မြန်မာပြည်သူတွေက စစ်အုပ်စုကို ရဲရဲဝံ့ဝံ့ ကန့်ကွက်ဆန့်ကျင်လာခဲ့တာ ငါးနှစ်ကျော်လာပြီ ဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံအတွက် ရုန်းကန်ကြိုးပမ်းနေသူတွေနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ပေးရပါမယ်။တရားမဝင် မြန်မာစစ်အုပ်စုကို ငြင်းပယ်ခြင်းကသာ လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးနဲ့ မြန်မာ၊ ထိုင်းနဲ့ ဒေသတွင်း ရေရှည်လုံခြုံဘေးကင်းရေးကို အာမခံနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ ဖြစ်ပါတယ်” လို့မရတနာမောင်က ပြောပါတယ်။

စစ်အုပ်စုအပါအဝင် သူတို့ရဲ့အဖွဲ့အစည်းတွေနဲ့ စီးပွားရေးပတ်သက်လုပ်ဆောင်တာက စစ်အုပ်စု ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု တွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ကြံရာပါပတ်သက်မှု ဖြစ်စေနိုင်ပြီး နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံရနိုင်တဲ့ အန္တရာယ်‌ တွေကို ရင်ဆိုင်ကြုံတွေ့ နိုင်တယ်လို့ မင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတဲ့ စီးပွားရေးလုပ်ငန်း‌ တွေကို JFM က သတိပေးထားပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ ဆိုက်ဘာလိမ်လည်မှုဆိုင်ရာဆွေးနွေးဖို့ အစီအစဉ် လည်းပါဝင်ပြီး ထိုင်းနိုင်ငံအနေ နဲ့ ဆိုက်ဘာလိမ်လည်မှုတွေကို အမှန်တကယ် အမြစ်ပြတ်တိုက်ဖျက်ချင်ရင် ဒီရာဇဝတ်မှု‌တွေရဲ့ အဓိကဇစ်မြစ်ဖြစ်တဲ့ စစ်အုပ်စုကို ပစ်မှတ်ထားအရေးယူရမယ်လို့ JFM ကအကြံပြုထားပါတယ်။

၂၀၂၆ ဇွန်လမှာလည်း ထိုင်းနဲ့မြန်မာစစ်အုပ်စု လေတပ်က မောင်းသူမဲ့လေယာဉ် (UAV) များဆိုင်ရာ ကျွမ်းကျင်သူများရဲ့ လျှို့ဝှက်အစည်းအဝေးတစ်ရပ်ကို မြန်မာနိုင်ငံမှာပြုလုပ်ခဲ့ပြီး ထိုင်းဘက်မှ ပါဝင်သူတွေက မြန်မာလေတပ်ဌာနချုပ်တစ်ခုသို့ သွားရောက်ကာ တရုတ်နိုင်ငံထုတ် CH-3 UAV ကို စစ်အုပ်စုက အသုံးပြုနေတာကို လေ့လာခဲ့တယ်လို့ JFM က ဆိုပါတယ်။

“ထိုင်းနိုင်ငံအနေနဲ့ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ရာဇဝတ်ဂိုဏ်းကွန်ရက်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သင့်ပြီး၊ သူတို့ရဲ့ တရားမဝင်ပိုင်ဆိုင်မှုတွေကို သိမ်းယူသင့်ပါတယ်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားစွဲဆို အပြစ်ပေးနိုင်ရေးအတွက် ဒေသတွင်းနဲ့ နိုင်ငံကာမိတ်ဖက်များနဲ့အတူ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။” လို့ မရတနာမောင်ကပြောပါတယ်။

မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ရှေ့နေအဖွဲ့က ရိုဟင်ဂျာ‌တွေ အပေါ် ကျူးလွန်ခဲ့တဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှု တွေအတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားခဲ့ပြီး အာဂျင်တီးနားနိုင်ငံရဲ့ ဖက်ဒရယ်ရာဇဝတ်တရားရုံးကလည်း ရိုဟင်ဂျာ တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု‌ တွေအတွက် ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို ကြံရာပါပြုခြင်း

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

အတွေးအမြင်

ဝမ်းသာစရာ သတင်းကောင်းပါ။ မြန်မာနိုင်ငံမှာ အနည်းဆုံးတော့ အရာအားလုံး မပြိုလဲသေးပါဘူး။ တည်ငြိမ်ခိုင်မြဲတာ တစ်ခုတော့ရှိနေပါပြီ။