Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၄၄)စစ်သားက ဖမ်းမိတဲ့ PDF ရဲဘော်ကို ထမီခြုံပေးပြီး ပစ်သတ်မယ်လို့ခြိမ်းခြောက်

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သြဂုတ် ၄၊၂၀၂၆။ဟာနာဆန်/People’s Spring

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အခြေစိုက် အာဏာသိမ်းစစ်တပ်ရဲ့ အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ် တမခ (၄၄)က စစ်ကောင်စီတပ်သားတစ်ဦးလို့ ယူဆရတဲ့ Ko Htet Ko Htet ဆိုတဲ့ Tiktok အကောင့်ပိုင်ရှင်ဟာ မနေ့က သြဂုတ် ၃ရက် ညပိုင်းက ၎င်းရဲ့ Tiktok ကနေ ရုပ်သံမှတ်တမ်းတစ်ခုတင်ခဲ့ပါတယ်။

အဲဒီရုပ်သံမှာ PDF ရဲဘော်လို့ယူဆရတဲ့ ပြောက်ကျားဘောင်းဘီဝတ် လူငယ်တစ်ဦးကို တိုင်မှာ လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးထားတာ တွေ့ရပါတယ်။ ခြေထောက်ကိုလည်း ကြိုးနဲ့တုပ်ထားပြီး ရဲဘော်ရဲ့ ခေါင်းပေါ်မှာ အမျိုးသမီးဝတ် ထမီတစ်ထည်ကို ခြုံပေးထားပါတယ်။ ရုပ်သံမှာလည်း “အမေ့သားဆိုတော့ ထမိန်ချုံပေးထားတာ”ဆိုတဲ့ စာသားကို စာလုံးပေါင်းသတ်ပုံအမှားနဲ့ ရေးထိုးထားပါတယ်။

Public Service Announcement

Public Service Announcement

အကောင့်ပိုင်ရှင်ဟာ ရဲဘော်ကိုဆဲဆိုနေပြီး မလိမ်ဖို့ ပြောဆိုနေတာ တွေ့ရပါတယ်။ ဒါ့အပြင် “မလိမ်လည်းသေမှာ လိမ်လည်းသေမှာ ငါ….သား။ မင်းကိုတော့ လိမ်စရာအကြောင်းမရှိဘူး ငါတို့က သတ်မှာ ဘာမှပြောမနေနဲ့ ငါကိုယ်တိုင်သတ်မှာ ဗိုလ်ကြီးအမိန့်ရတာနဲ့ သတ်မှာ။”လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရှေ့မှာလည်း အခုလိုပဲ PDF ရဲဘော်တစ်ဦးကို ဖမ်း​ဆီးချုပ်နှောင်ထားတဲ့ ရုပ်သံဖိုင်တစ်ခုတင်ထားတာတွေ့ရပြီး ငြိမ်ငြိမ်နေဖို့နဲ့ မနေရင် ပစ်ပစ်လိုက်မယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

၎င်းစစ်ကောင်စီတပ်သားဟာ ကချင်ပြည်နယ်၊ ဖားကန့်မြို့ဇာတိဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ PDF ရဲဘော်ဟာ ဘယ်တပ်ရင်းတပ်ဖွဲ့ကဆိုတာတော့ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။