Connect with us

Hi, what are you looking for?

သတင်း

မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်းကြောင်းဆီ ဦးတည်နေတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်ဆို

နိုင်ငံရေးခေါင်းဆောင်အများအပြားကိုစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အခြေအနေမျိုးမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အစုအဖွဲ့ပေါင်းစုံ ပါဝင်ပါတယ်ဆိုတာကို စဉ်းစားပုံဖော်ကြည့်လို့တောင်မဖြစ်နိုင်ကြောင်း ဘိရှော့​ပြော

ဇွန်-၁၂၊၂၀၂၅။People’s Spring

မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်းကြောင်းဆီ ဦးတည်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့က ပြောကြားခဲ့ပါတယ်။

ဇွန်လ ၁၀ ရက်နေ့တုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံဆီ တင်ပြတဲ့အစီရင်ခံမှုမှာဘိရှော့က ပြည်တွင်းစစ်သာ ဆက်လက် ရှည်ကြာနေမယ် ဆိုရင် မြန်မာနိုင်ငံဟာ အလုံးစုံ ပျက်စီးသွားလိမ့်မယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး၊ ပဋိပက္ခတွေ အရှိန်လျှော့ချရေး၊ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို မျက်နှာမူရေးအတွက် စစ်မှန်တဲ့ အားထုတ်မှုတွေ မရှိသ၍ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးလည်း ရနိုင်မှာ မဟုတ်ဘူးလို့ ဘိရှော့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဒဏ်ရော၊ ငလျင်ဒဏ်ပါ ခံစားခဲ့ရတဲ့မြန်မာနိုင်ငံမှာ အသက်ရှင်ကျန်ရစ်သူတွေအနေနဲ့ အေးအေးချမ်းချမ်း နေချင်တာကြောင့် တိုက်ပွဲတွေကို ရပ်တန့်စေချင်နေကြပြီလို့ သူက ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေဟာ ပြန်လည် တည်ဆောက်ရေးနဲ့ လူသားချင်းစာနာမှု လုပ်ငန်းတွေ အကောင်အထည် ဖော်တာကိုလည်းအတားအဆီးဖြစ်စေတယ်လို့ ဘိရှော့က မှတ်ချက်ပေးခဲ့ပါတယ်။

သူကမြန်မာနိုင်ငံမှာ ရန်လိုတိုက်ခိုက်မှုတွေ အားလုံးကို ရပ်တန့်ဖို့ ထပ်လောင်း တောင်းဆိုခဲ့ပြီး အများလက်ခံနိုင်တဲ့ ရည်မှန်းချက်တွေနဲ့ အရှည်တည်တံ့စေမယ့် ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ရာမှာ အရပ်သား ပြည်သူတွေကို အကာအကွယ် ပေးဖို့ ဆိုတာက ဦးစားပေးကိစ္စ ဖြစ်ဖို့လိုကြောင်းလည်း ဘိရှော့က ဆိုပါတယ်။

ရန်လိုတိုက်ခိုက်မှုတွေ အဆုံးမသတ်သေးသ၍ မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်းကြောင်းဆီ ဆက်လက် ဦးတည်နေလိမ့်မယ်လို့ သူကဆိုပါတယ်။

နောက်ပြီးမြန်မာနိုင်ငံမှာအကြမ်းဖက်ရန်လိုမှုတွေ မရပ်တန့်သ၍၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲမျိုး မကျင်းပနိုင်သ၍ လက်နက်ကိုင် တော်လှန်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ဆက်လက် ပြင်းထန်နေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ လောလောဆယ်အာဏာသိမ်းစစ်ကောင်စီကတော့ အဲဒီ အခြေအနေတွေနဲ့ ဆန့်ကျင်ဖက် ကိစ္စတွေကိုပဲ လုပ်ဆောင်နေပါတယ်။

နိုင်ငံရေးခေါင်းဆောင်အများအပြားကိုစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အခြေအနေမျိုးမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အစုအဖွဲ့ပေါင်းစုံ ပါဝင်ပါတယ်ဆိုတာကို စဉ်းစားပုံဖော်ကြည့်လို့တောင်မဖြစ်နိုင်ကြောင်း ဘိရှော့က ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားတရားလက်မဲ့ ဖမ်းဆီးခံထားရသူတွေ အားလုံး လွတ်မြောက်ရေးအတွက် ဖိဖိစီးစီး တောင်းဆိုဖို့လိုကြောင်းလည်း ထပ်လောင်းတိုက်တွန်းသွားခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပါအဝင်မြန်မာနိုင်ငံမှာရှိနေတဲ့ လူ့အဖွဲ့အစည်းအသီးသီးရဲ့ လုံခြုံရေး၊ အခွင့်အလမ်းနဲ့ ရပိုင်ခွင့်တွေ အားလုံးကို အာမခံချက် ပေးနိုင်ဖို့ဆိုရင် လက်ရှိ ပဋိပက္ခတွေရဲ့ ဇစ်မြစ်ကိုရော၊ ပုံစံအမျိုးမျိုးနဲ့ ခွဲခြားဆက်ဆံမှုနဲ့ နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်မှု ကိစ္စတွေကိုပါ ဦးတည် ဖြေရှင်းဖို့ လိုကြောင်းလည်း ဘိရှော့က ပြောကြားသွားပါတယ်။

ကိုးကား-UN

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။