Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် စစ်အုပ်စု အခြေချ ဘန်ကာသုံးခုကို တော်လှန်ရေးတပ်ဖွဲ့များ စီးနင်းဖျက်ဆီး

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ

အညာမြေတပ်ပေါင်းစုမှ ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အညာမြေတပ်ပေါင်းစု

ဇွန်-၁၂၊ ၂၀၂၅။ ထင်လင်း/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်မကျည်းကန်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားသည့်နေရာကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၁၀ ရက် နံနက် ၅ နာရီခန့်က အညာမြေတပ်ပေါင်းစုနှင့် ဧရာဒေါင်းတပ်ဖွဲ့တို့ ဦးဆောင်ပြီး ပခုက္ကူမြို့နယ် အနောက်မန်ကျည်းကန် ပျူရွာသို့စတင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီခန့်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒက်ရာရသွားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ဘန်ကာသုံးလုံးကို ရရှိပြီး စခန်းတစ်ခုလုံးအား သိမ်းပိုက်ခါနီးတွင် မကျည်းကန်ရွာနှင့်ကပ်လျက်ရှိ ဘဲကြီးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများအပါအဝင် ပခုက္ကူတပ်မ(၁၀၁)မှ တပ်ကူအချို့ရောက်ရှိလာခြင်းကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း အညာမြေတပ်ပေါင်းစုက အသိပေးသည်။

Public Service Announcement

Public Service Announcement

“မန်ကျည်းကန်ရွာက ပျူ၊ စခ အင်အား ၁၀၀ ဝန်းကျင်ပါ။ သူ့အနီးမှာကပ်လျက်က ဘဲကြီးပျူရွာပါ။ တခါ ပခုက္ကူ တပ်မ ၁၀၁ က သူနဲ့ကပ်လျက်တွေပါ”ဟု တပ်ပေါင်းစုတာဝန်ရှိသူက စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် မကျည်းတန်းပျူရွာဝန်းကျင်အခြေအနေကို ရှင်းပြသည်။

မကျည်းကန်ပျူရွာတိုက်ခိုက်မှုတွင် တော်လှန်ရေး ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာ(မပြင်းထန်)ရရှိခဲ့သော်လည်း အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ပွဲပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှ စစ်ရေးလှုပ်ရှားမှု မတွေ့ရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ စစ်ဆင်ရေးတွင် အညာမြေတပ်ပေါင်းစုနှင့်အတူ ဧရာဒေါင်းတပ်ဖွဲ့၊ နယ်စည်းမခြား(PKU)၊ PPDF၊ ကိုရေခဲနှင့်ဗလညီနောင်ခေါင်းဆောင်လူငယ်‌ပြောက်ကျားတပ်ဖွဲ့၊ Youth Guerrilla Force(Y.G.F) ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ God of Myaing၊ မုန်တိုင်းပြောက်ကျားတပ်ဖွဲ့၊ DYT ပြောက်ကျားတပ်ဖွဲ့၊ 21bagan၊ BLY ပေါက်(ပကဖ)၊ သခင်ဖိုးလှကြီး (မကွေးခရိုင် ပကဖ တပ်ခွဲ၆)၊ Burmese Revolution Ranger ၊ PLO ပြောက်ကျားတပ်ဖွဲ့စသော တော်လှန်ရေးတပ်ဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။