Connect with us

Hi, what are you looking for?

News

ယမ်းသယ်လာ​သောစစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးနှင့် တပည့်ကို စစ်တပ်ကမှားယွင်းပစ်ခတ်ဖမ်းဆီး

“ညောင်ငုတ်တိုရွာ အုပ်ချုပ်ရေးမှူး နဲ့ သူ့တပည့်တယောက်ဗျ၊ ရွာကပျူတွေအတွက် မိုင်းလုပ်ဖို့ ယမ်းသယ် လာတာဖြစ်မယ်။ ဆားတောင်မြို့အထွက် ညောင်ငုတ်တိုမ ရောက်ခင် စစ်တပ်က တားစစ်တော့ အုပ်ချုပ်ရေးမှူးပဲဆို ပြီး ရပ်မပေးဘဲ စီးသွားတာ သေနတ်နဲ့ပစ်ခံရတာ။” ဟု ဒေသခံတစ်ဦးက စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ဖြေကြားထားသည်။

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တွင် ယမ်းသယ်လာသည့် အာဏာသိမ်းစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဆရာတပည့်ကို စစ်တပ်က မှားယွင်း ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ညောင်ငုတ်တိုရွာအနီးတွင် နိုဝင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက လူနှစ်ယောက်စီးနင်းလာသည့်ဆိုင်ကယ်အား လခရအဖွဲ့မှရပ်ခိုင်းစဉ် မရပ်ဘဲ မောင်းပြေးသဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်ကယ် တစ်စီးနှင့်အတူ ယမ်းထည့်ထားသည့် မိုင်းအုံ ၂၄ လုံးအားသိမ်းဆည်းရမိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ မီဒီယာများက သတင်းထုတ်ပြန်သည်။

သို့သော် အဆိုပါ ဖမ်းဆီးခံရသူများမှာ ညောင်ငုတ်တိုရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအသက် ၄၀ နှစ်ခန့်အရွယ်ကိုနိုင်ဌေးဆိုသူဖြစ်ပြီး ဦးခေါင်းကျည်မှန်ခဲ့ကြောင်း၊ နောက်တစ်ဦးမှာသူ့တပည့် အသက် ၂၀ ခန့်ကိုအောင်ကိုဖြစ်ပြီးဗိုက်ကျည်မှန်ခဲ့​ကြောင်း၊ အဆိုပါဆရာတပည့်နှစ်ဦးမှာ စစ်ကောင်စီ၏ပစ်ခတ်မှု့ကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားပြီးမန္တလေးဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်းစစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကအသိပေးသည်။

“ညောင်ငုတ်တိုရွာ အုပ်ချုပ်ရေးမှူး နဲ့ သူ့တပည့်တယောက်ဗျ၊ ရွာကပျူတွေအတွက် မိုင်းလုပ်ဖို့ ယမ်းသယ် လာတာဖြစ်မယ်။ ဆားတောင်မြို့အထွက် ညောင်ငုတ်တိုမ ရောက်ခင် စစ်တပ်က တားစစ်တော့ အုပ်ချုပ်ရေးမှူးပဲဆို ပြီး ရပ်မပေးဘဲ စီးသွားတာ သေနတ်နဲ့ပစ်ခံရတာ။” ဟု ဒေသခံတစ်ဦးက စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ဖြေကြားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီက ပစ်ခတ်ခံရသူနှစ်ဦးမှာ ဆားတောင်မြို့၊ ညောင်ငုတ်တိုရွာ၊ အရိပ်မထွက်ဘုရားအနီးက PDF စခန်းငယ်တစ်ခုအား သတင်းပေးခဲ့ကြသူများဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့၍ လူငယ်နှစ်ဦးကျဆုံးခဲ့ရပြီး တစ်ဦး အဖမ်းခံခဲ့ရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook