ဇွန်-၁၆၊၂၀၂၅။May/People Spring
စစ်ကိုင်းမြို့နယ်၊မင်းကွန်းတကြောကို ၅ရက်တာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးကာ ကျောင်းထိုင်ဆရာတော်အပါအဝင် ပြည်သူ ၄ဦးကို သတ်ဖြတ်ထားတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။
ဇွန်လ ၁၁ ရက်ကစတင်ကာစစ်ကိုင်းမြို့ရဲ့ မြောက်ဘက်က စစ်တပ်ကာကင်းတွေက စစ်သားတွေ အကုန်စုပြီး မင်းကွန်းရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလို့သိရပါတယ်။

အဲဒီနောက်မြောက်ဘက်ကကင်းရွာကိုဆက်ပြီးစစ် ကြောင်းထိုးဖို့ ကြိုးစားစဉ်တော်လှန်ရေးတပ်တွေနဲ့ အပြန်အလှန်တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
အဲဒီ နေ့မှာပဲ စစ်တပ်စစ်ကြောင်းပြန်ဆုတ်ခဲ့ပြီးကင်းရွာနဲ့ မင်းကွန်းရွာကြားထဲက ဆုတောင်းပြည့်ဘုန်းကြီး ကျောင်းကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ် ။
ဘုန်ကြီးကျောင်းကိုဝင်ရောက်ပြီး ကျောင်းထိုင်ဆရာတော် ၊ ဆရာတော်ရဲ့ မယ်တော်နဲ့ ယောက်ဖ တော်စပ်သူတွေကို စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ဇွန်လ၁၃ရက် နေ့မှာတော့ အင်အားအလုံးအရင်းနဲ့ထိုးလာပြီး PDFကာကင်း ပေါက်ကာ ကင်းရွာကနေ ချောင်းမကြီးရွာအထိ စစ်တပ်က ဝင်ရောက်လာတယ်လို့ ဒေသခံတဦး ကပြောပါတယ်။
၁၃ရက် နေ့မှာ ချောင်းမကြီး ကျေးရွာကိုဝင်ရောက်ပြီး ဒေသခံတွေကရွာရဲ့ အနောက်ဘက်ကို စစ် ရှောင်ခဲ့ ပေမယ့် မင်းဝံ တောင်ရိုးကတက်လာတဲ့ စစ်ကြောင်းနဲ့ တွေ့ကာ ပစ်ခတ်ခံရပြီး သက်ကြီး အမျိုးသားတဦး သေဆုံးကာ လူလတ်ပိုင်းအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံ တွေဆီကပြောပါတယ်။
အဲဒီစစ် ကြောင်းဟာ ဇွန်လ၁၄ ရက်နေ့မှာ ကင်းရွာနဲ့ ချောင်းမကြီးရွာ တွေကို တပြိုက်နက်မီးရှို့ခဲ့တယ်လို့လည်းသိရပါတယ်။
“ကင်းရွာက တော့ အကုန်ကုန်ပြီလို့သိရတယ်။ချောင်းမကြီးကလည်း သုံးပုံနှစ်ပုံ လောက်ကုန်ပြီလို့ပြောတယ်။အတိအကျကိုတော့မသိရသေးဘူး”လို့ ဒေသခံတဦး ကပြောပါတယ်။
ဇွန်လ၁၆ ရက်နေ့မှာတော့အဲဒီစစ်ကြောင်းဟာ ကင်းရွာမြောက်ဖျားနဲ့ ကင်းရွာထဲက ထိုင်ဝမ်ဘုန်းကြီး ကျောင်းတို့ကို တပ်စွဲထားတယ်လို့ သိရပါတယ်။
ဒီစစ် ကြောင်းကိုဒေသခံတော်လှန်ရေးတပ်တွေက စုပေါင်းတိုက်ခိုက်နေကြပြီး ၅ရက်လုံးတိုက်ပွဲတွေဖြစ်နေတာမို့ခဲယမ်းလိုအပ်မှုတွေလည်းရှိ နေတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့အချို့ဆီကသိရပါတယ်။


















































