Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အထိနာသွားတယ်လို့ နတ်မောက်ဂဠုန် PDFရဲ့ တာဝန်ရှိသူ ကိုအောင်ဒင်က ပြောပါတယ်။

Screenshot

နိုဝင်ဘာ-၂၅၊ ၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အထိနာသွားတယ်လို့ နတ်မောက်ဂဠုန် PDFရဲ့ တာဝန်ရှိသူ ကိုအောင်ဒင်က ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၅ ရက် မနက် ၈နာရီခွဲခန့်က နတ်မောက်မြို့နယ် ရွာမွန်ရွာကနေ စစ်​ကြောင်းထိုးလာတဲ့ အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ကျောက်တန်းကျေးရွာနဲ့ သရက်ချောင်း ကံလှကျေးရွာကြားမှာ နေပြည်တော်တပ်ရင်းဗျူဟာ ၁၇၊ တပ်ရင်း ၉၀၃ဖြစ်တဲ့ နတ်မောက်ဂဠုန် PDF အဖွဲ့က တိုက်ခိုက်ခဲ့တာပါ။

နတ်မောက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရ နိုဝင်ဘာ-၂၅၊ ၂၀၂၅။ဇေအောင်/People's Spring မကွေးတိုင်း၊…

Posted by People's Spring on Tuesday 25 November 2025

“ ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့တာပါ။ ၁၀ လောက်တော့ အနည်းဆုံးသေနိုင်တယ်။ တောင်ပေါ်နဲ့ တောင်အောက်ပစ်တာဆိုတော့လေ။” လို့ နတ်မောက်ဂဠုန် PDF ရဲ့ တာဝန်ရှိသူ ကိုအောင်ဒင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ တိုက်ပွဲဟာ မိနစ် ၂၀ ခန့်ကြာပြီးနောက် နတ်မောက်မြို့ဘက်ကနေ စစ်ကူတွေ တက်လာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

နတ်မောက်မြို့နယ်မှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ရက်က ကြက်သောက်တွင်းကျေးရွာကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၃ဦး သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အနောက်ခြမ်းက ကြက်သောက်တွင်းကျေးရွာကို စစ်တ​ပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၁ နာရီလောက်ကတည်းက နတ်မောက်မြို့နယ်တနယ်လုံး မိုးတွေသည်းကြီးမည်းကြီး ရွာနေခဲ့တယ်။ နတ်မောက်နယ်ထဲက မယ်ဇလီပင်ကျေးရွာမှာလည်း မိုးနဲ့အတူ ရွာဘေးက ယင်းချောင်းရေကလည်း တဝေါဝေါနဲ့ ခပ်ကြမ်းကြမ်း စီးဆင်းနေခဲ့တယ်။

သတင်း

ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ မနေ့ကတိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများပြာပြီး အထိနာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရွေးကောက်ပွဲလုပ်နိုင်ရေးအတွက် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးမှတဆင့် ဘောလခဲမြို့နယ်ကို စစ်ကြောင်းထိုးနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။