Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့နယ်ကို စစ်ကြောင်းထိုးရန် စစ်ကောင်စီ ကြိုးပမ်းနေ

ရွေးကောက်ပွဲလုပ်နိုင်ရေးအတွက် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးမှတဆင့် ဘောလခဲမြို့နယ်ကို စစ်ကြောင်းထိုးနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်း၌ စစ်ကောင်စီတပ် စစ်ကြောင်း တိုက်ခိုက်နေသည့် ကာကွယ်ရေးရဲဘော်များကို တွေ့ရစဥ်။ဓာတ်ပုံ - စေတန်

စက်တင်ဘာ-၁၇၊၂၀၂၅။ရဲခေါင်/People’s Spring

ရွေးကောက်ပွဲလုပ်နိုင်ရေးအတွက် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးမှတဆင့် ဘောလခဲမြို့နယ်ကို စစ်ကြောင်းထိုးနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ထို့သို့စစ်ကောင်စီ၏စစ်ကြောင်းထိုးရန်ကြိုးပမ်းမှုများကြောင့် လေကြောင်းတိုက်ခိုက်မှုများနှင့်တိုက်ပွဲများဖြစ်နေကြောင်း မြေပြင်သတင်းရင်းမြစ်နှင့် ကရင်နီပြည်နယ်တာဝန်ရှိသူများက ဆိုသည်။

“ဘောလခဲမှာ လုပ်မယ်ဆိုတဲ့အတိုင်းပဲ ဒီးမော့ဆို-ဖရူဆိုကနေပြီး ဘောလခဲရောက်အောင်ထိ စစ်ဆင်ရေး တွေက ကျွန်တော်တို့ဆီမှာနေ့တိုင်းရှိနေတယ်။​လေ ကြောင်းကနေ ဗုံးကြဲတာတွေ၊မြေပြင်တိုက်ပွဲတွေ ဖြစ်နေတယ်”ဟု ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်က စစ်ကောင်စီတပ် စစ်ကြောင်းထိုး​နေမှုအပေါ် ရှင်းပြသည်။

Public Service Announcement

Public Service Announcement

၎င်းက ဆက်လက်၍”ဘောလခဲမှာက စစ်ဗျူဟာရှိတယ်။အဲဒီစစ်ဗျူဟာထဲက စစ်တပ်မိသားစုဝင်တွေနဲ့ပဲ မဲစာရင်းလုပ်မယ့်သဘောရှိတယ်”ဟု ပြော သည်။

“တိုက်ပွဲတွေကတော့ နေတိုင်းနီးပါးပဲ။ဒီးမော့ဆိုရော ဖရူဆိုဘက်ရော။သူတို့ဘက်ကတိုးလိုက်ပြန်ဆုတ်လိုက်ပဲ”ဟုဒီးမော့ဆိုမြို့အခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ဘောလခဲမြို့စစ်ရှောင်ပြည်သူများ ယခုလ နောက်ဆုံးထားပြန်လာရန်နှင့် ပြန်မလာပါက နေအိမ်နှင့်ခြံများသိမ်းယူမည်ဟု စစ် ကောင်စီက ခြိမ်းခြောက်မှုများရှိကြောင်း ဒေသခံအချို့က ဆိုသည်။

ပြီးခဲ့သည့်ဇွန်လအထိ ဘောလခဲမြို့အနီးဝန်းကျင်၌ စစ်ရေးအရအရေးပါသည့် စစ်ကောင်စီဗျူဟာကုန်းနှင့် ကာကင်းများကို ကရင်နီပူးပေါင်းတပ်များက သိမ်း ထားသည်။

ဘောလခဲမြို့တွင် စစ်ကောင်စီတပ် အခြေချစစ်ဗျူဟာ အမှတ် (၄၂၉) ခြေမြန်တပ်ရင်း (ခမရ ၄၂၉)၊ခမရ (၄၃၀) ၊ ခလရ (၃၃၇)တပ်ရင်းအပြင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက်အောက်ခံတပ်ရင်းအချို့ ပါ ရှိနေသည်။

အရပ်သားအစိုးရလက်ထက် လူဦးရေနှင့် အိမ်ထောင် စုစာရင်းများအရ ဘောလခဲ မြို့နယ်တစ်ခုလုံး၌ အိမ်ခြေ ၁၇၀၀ကျော်ရှိပြီး လူဦးရေ ၈၀၀၀ ကျော်ရှိကာ မြို့ပေါ်နေအိမ်က ၇၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ဝန်းကျင်ရှိပြီး မြို့ပေါ် ရပ်ကွက်ရှိပြည်သူအများစုသည် ယခု ၂၀၂၅ ဖေဖော်ဝါရီကစ၍ စစ်ရှောင်ခဲ့ကြသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်တွင် မယ်စဲ့၊ဖားဆောင်းနှင့် ရှားတောမြို့နယ်မှအပ ကျန်မြို့နယ်များတွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook