Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီ-မောတောင်လမ်းတိုက်ပွဲ စစ်တပ်အရာရှိအပါအဝင် ၁၀ဦးသေဆုံးဟု KNU တပ်မဟာ(၄)ပြော

တနင်္သာရီတိုင်း၊ တနင်္သာရီ-မောတောင်လမ်းအား ပြန်လည်စိုးမိုးနိုင်ရေးစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို KNLA တပ်မဟာ(၄)နှင့်ပူး​ပေါင်းတပ်က ဇွန်လ ၁၇ရက်တွင် တိုက်ခိုက်ခဲ့ရာစစ်တပ်မှအရာရှိ အပါအဝင် သေဆုံးမှုများ ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကပြောသည်။

စစ်တပ်စစ်​ကြောင်းထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-KNU

ဇွန်-၁၈၊၂၀၂၅။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ တနင်္သာရီ-မောတောင်လမ်းအား ပြန်လည်စိုးမိုးနိုင်ရေးစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို KNLA တပ်မဟာ(၄)နှင့်ပူး​ပေါင်းတပ်က ဇွန်လ ၁၇ရက်တွင် တိုက်ခိုက်ခဲ့ရာစစ်တပ်မှအရာရှိ အပါအဝင် သေဆုံးမှုများ ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကပြောသည်။

မြန်မာ-ထိုင်းနယ်စပ် မောတောင်နယ်စပ်ဂိတ်လမ်းကြောင်းအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီက ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက စစ်ကြောင်းထိုးလျက်ရှိရာ ဇွန် ၁၇ ရက်တွင် သီးခိုး နှင့် ချောင်းနှစ်ပေါက်ရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အဲဒီစစ်ကောင်စီရဲ့စစ်ကြောင်းနဲ့ကျနော်တို့ တပ်ရင်း ၁၁ကြားမှာ။ ဖြစ်တဲ့နေရာက သီးခိုးနဲ့ ချောင်နှစ်ပေါက်ကြားမှာ။အဲဒီဖြစ်တဲ့တိုက်ပွဲက ပြောက်ကျားတိုက်ပွဲ” ဟု ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ နာရီဝက်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်က ၁၀ဦး သေဆုံးခဲ့သည်ဟု ၎င်းက ဆက်​ပြောသည်။

“အရာရှိတယောက်ပါတယ်တဲ့။အဲဒီတိုက်ပွဲဖြစ်ပြီးနောက်မှာ ရန်သူက လေယာဉ် ဗုံးလာကြဲတယ်။” ဟု ပဒိုစောအယ်နားက ပြောသည်။

စစ်ကောင်စီတပ်က KNLA တပ်ရင်း(၁၁) ဌာနချုပ်အနီး တကြိမ်၊ သီးခိုးနှင့် ချောင်းနှစ်ပေါက် ကြား ၁ကြိမ် ဗုံးကြဲခဲ့သော်လည်း အထိအခိုက်မရှိဟုဆိုသည်။ ဇွန် ၁၈ ရက်တွင်လည်း စစ်ကောင်စီ က လေယာဉ်ဖြင့်ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ဟုပြောပြသည်။

တနင်္သာရီ -မောတောင်လမ်းကြောင်းကိုစစ်တပ်ကစစ်ကြောင်းထိုးနေသည်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းကဖြစ်ပြီး မောတောင်လမ်းကြောင်းကို ပြန်လည်စိုးမိုးရန် ကြိုးစားနေကြောင်း မြိတ်-ထားဝယ်ခရိုင် ကရင်လူငယ်ခေါင်းဆောင်တဦးဖြစ်သည့် စောအယ်ထီးကော်ကလည်းပြောသည်။

“စကစဘက်မှာတော့ ၁၀ကျော်။ ၁၀ကျော်ထဲမှာ စစ်ဗိုလ် တယောက် အပါအဝင် ပေါ့နော့်။ စစ်ဗိုလ်ဆိုတာတပ်ခွဲမှူးအဆင့်လောက် တယောက်တော့ ကျတယ်။ ” ဟု စောအယ်ထီးကော်က ပြောပြသည်။

လက်နက်ခဲယမ်းများလည်းသိမ်းဆည်း ရရှိထားသည်ဟုလည်း ၎င်းကဆက်ပြောသည်။အဆိုပါ လမ်းကြောင်း၌ စစ်တပ်က နယ်​မြေစိုးမိုးနိုင်ရန် စစ်​ကြောင်းထိုး​နေ​သော​ကြောင့်စစ်ရေးတင်းမာမှု ဆက်ရှိနေမည်ဟုလည်း၎င်းကပြောသည်။

သို့သော်စစ်ကောင်စီတပ် ထိုးစစ်ဆင်မှုမအောင်မြင်ဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ပူးပေါင်းတပ်ဖွဲ့ခုခံတိုက်ခိုက်လျက်ရှိဟု​​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။