Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် ရန်ကုန်မြို့တွင် “၈၀ချစ်တယ်” စာတန်းချိတ်ဆွဲ

ရန်ကုန်မြို့ ကမ္ဘာ​အေးဘုရားလမ်း​ပေါ်ရှိ ကမ္ဘာအေးဘုရားနှင့် ဂမုန်းပွင့်ကုန်တိုက် လူကူးဂုံးကျော်တံတားတွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် “၈၀ ချစ်တယ်”ဆိုသော စာတန်းကို ယနေ့ (ဇွန် ၁၉) နေ့လည်က ချိတ်ဆွဲခဲ့သည်။

ဓာတ်ပုံ - CJ

ဇွန်-၁၉၊၂၀၂၅။ သုည/People’s Spring

ရန်ကုန်မြို့ ကမ္ဘာ​အေးဘုရားလမ်း​ပေါ်ရှိ ကမ္ဘာအေးဘုရားနှင့် ဂမုန်းပွင့်ကုန်တိုက် လူကူးဂုံးကျော်တံတားတွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် “၈၀ ချစ်တယ်”ဆိုသော စာတန်းကို ယနေ့ (ဇွန် ၁၉) နေ့လည်က ချိတ်ဆွဲခဲ့သည်။

အဆိုပါစာသားချိတ်ဆွဲ လှုပ်ရှားမှုကို ရန်ကုန်ပစ်တိုင်းထောင်သပိတ်အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ ကျ​ရောက်​သော ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့တွင် စစ်ကောင်စီက လုံခြုံရေးများ တင်းတင်းကျပ်ကျပ်ချထားပြီး ဘုရားများတွင်လည်း လူထုခေါင်းဆောင်၏ မွေးနေ့ဆုတောင်းပွဲများ မပြုလုပ်နိုင်​စေရန် အရပ်ဝတ်နှင့်ပျူစောထီးများကို ​နေရာချထားကြောင်း ကင်းထောက်အဖွဲ့များက ဆိုသည်။

Public Service Announcement

Public Service Announcement

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် နိုင်ငံတဝန်းရှိ ပြည်သူများက မွေးနေ့ရှင် ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သပြီး ဇွန် ၁၉ ပန်းသပိတ်ကိုလည်း နည်းလမ်းမျိုးစုံဖြင့် ပါဝင်ဆင်နွှဲနေကြသည်။

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 63

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။