Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကမန္တလေးမှာလုံခြုံရေးတင်းကြပ်

မန္တလေးမြို့ပေါ်ကလမ်း​တွေမှာဇွန်လ၁၅ရက်နေ့စပြီးစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ ပိုချထားပြီး စစ်တပ်ကလုံခြုံ​ရေးကို ပိုတင်းကြပ်လာပါတယ်။

စစ်​ကောင်စီလုံခြုံ​ရေးမြှင့်ထားသည့် ကြားမှ မန္တလေးသပိတ်အင်အားစု က ​ဒေါ်​အောင်ဆန်းစုကြည်​မွေး​နေ့အထိမ်းအမှတ်ဆန္ဒပြစဥ်

ဇွန်၁၉၊၂၀၂၅၊ရှိန်း/ People Spring

မန္တလေးမြို့ပေါ်ကလမ်း​တွေမှာဇွန်လ၁၅ရက်နေ့စပြီးစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ ပိုချထားပြီး စစ်တပ်ကလုံခြုံ​ရေးကို ပိုတင်းကြပ်လာပါတယ်။

မြို့ထဲ လမ်း​တွေ​ပေါ်မှာ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ စစ်ကား​တွေပြန်​တွေ့လာရတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ် ။စစ်ကား တွေ မန္တလေးမြို့ကလမ်းမ တွေထက်မှာ မမြင်ရတာတာ နှစ်ဝက်လောက်အထိ ကြာမြင့်ခဲ့ပြီးမှ ဒီရက်ပိုင်း ပြန်​ပေါ်လာတာလို့​ဒေသခံတချို့က​ပြောပါတယ်။

၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းပြီးတဲ့ နောက်ပိုင်း မြို့အတွင်း စစ်တပ်ကင်းလှည့်တယ်ဆိုတာ မရှိသလောက် ဖြစ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ ဒါ​ပေမယ့် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ လှုပ်ရှားမှုတခုခုပြုလုပ်မှာစိုးရိမ်ဟန်ရှိတဲ့ စစ်အုပ်စုဟာ မွေးနေ့နားနီးတဲ့အချိန်မှာ မြို့တွင်းလက်နက်အပြည့်အစုံ နဲ့လှည့်လည်တာတွေ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ၁၇နဲ့၁၈ ရက်တွေမှာတော့ နေရာအနှံ့မှာစစ်တပ်ကကားအသေးတွေနဲ့ ကင်းလှည့်တာကို နေရာအနှံ့မှာ တွေ့လာရပါတယ်။

“မွေးနေ့ကို ကိုယ်တွေတောင် မသိဘူး။သူတို့ကအရင်ကြိုဆိုနေပြီ။သူတို့ ကင်းပတ်တာမြင်မှ ကိုယ် တွေလည်း မွေးနေ့နားနီးတာ သတိပေါ်တယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် မန္တလေးသပိတ်အင်အားစု ဆန္ဒပြသွားတဲ့ချမ်းမြသာစည်မြို့နယ်၊၅၅လမ်းနဲ့ ၁၁၅လမ်းထောင့်က ဈေးကိုလည်းဒီနေ့မနက်က အရပ်ဝတ် တွေနဲ့ အင်အားအပြည့်ထပ်ချထားတယ်လို့ မြို့ခံ တွေဆီကသိရပါတယ်။

“ဒီနေရာမှာ အရင် နေ့ကဆန္ဒပြသွားတယ်ဆိုတာသူတို့သိတယ်‌ဗျ။ဒီနေ့ အရပ်ဝတ်တွေမနက်ကတည်းကရောက်နေတာ။ဈေးသည်တွေရော၊ဈေးသည်တွေ ရောက‌‌လည်း သူတို့ရောက် နေတာသိတယ်။ဘာမှတော့ ဖြစ်မသွားဘူး”လို့ မြို့ခံတဦး က ပြောပါတယ်။

ဒါ့အပြင် ဒီသပိတ်အဖွဲ့ တွေကိုဖမ်းမိဖို့ ဇွန်လ၁၇၊၁၈နဲ့ဒီ နေ့ ၁၉ ရက်နေ့အထိ စစ်ကိုင်းတံတား အနီးမှာ အစစ်အဆေးတင်းကြပ်ထားတယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ လှုပ်ရှားမှု ပန်းသပိတ်ပြုလုပ်မှာကို စိုးရိမ်တဲ့ စစ်‌ ကောင်စီတပ်ဟာ စစ်အုပ်စုရဲ့ တယ်လီရမ် တွေ ကနေလည်း ၂၀၂၃ခုနှစ်က ပန်းစည်းကိုင်ပြီးဓာတ်ပုံ ရိုက်ခဲ့သူ မိန်းက‌ လေးငယ် တွေကို ဖမ်းဆီးခဲ့စဉ်က ဓာတ်ပုံ တွေနဲ့ ယခုနှစ်မှာ ဖမ်းဆီးတယ်ဆိုပြီး လိမ်လည်ထုတ်ပြန်တာ တွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်ဇွန်လ၁၉ ရက်နေ့မှာလည်း မန္တလေးမြို့က ကျုံးနံဘေး၊ဘုရား၊ကုသိုလ်တော်နဲ့မန္တလေးတောင်တို့မှာ လုံခြုံ ရေးအင်အားချထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook