Connect with us

Hi, what are you looking for?

ကဗျာ

“အိမ်အရပ်ဆီ မျက်နှာမူထားကြသူတွေအတွက် အချစ်ကဗျာတပုဒ် “

▪️ပိုင်ဉာဏ်

ရန်ကုန်မြို့ကြီးရဲ့ချစ်ရသူတွေ သူ့ဆီကနေ တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို ထွက်ခွာသွားရတော့ မြို့ဟာ ညရဲ့အမှောင်ထုထဲ ဦးတည်ရာမဲ့ ပစ်လွှတ်ခံလိုက်ရတဲ့ မီးကျည်စတွေလို ကိုယ့်အရေပြားကို ချုပ်စက်ပေါ်မှာ ကိုယ်တိုင်လွှာပြီး ကျန်ရစ်ခဲ့သူတွေအပေါ် အနွေးဓာတ်ကို သူ့အသက်နဲ့ရင်းပြီး လွှားတင်ပေးခဲ့ ကြယ်တွေမှာ ကိုယ်ပိုင်နာမည်တွေ ရှိကြပြီး အရပ်မျက်နှာတွေမှာ ကိုယ်ပိုင်မှတ်ဉာဏ်တွေ ရှိကြပြီး ငါတို့အားလုံးရဲ့ ကိုယ်ပိုင်အမှတ်တွေဆီ အရောက်မှာ မီးလင်းအိမ်တွေကို မှိတ်ချလိုက်ချိန်မှာ ဥသြသံသဲ့သဲ့ပဲ ကြားလိုက်ရတဲ့ သန်းခေါင်ယံ ရထားတစ်စင်းရဲ့ မီးခိုးတန်းတွေလို ငါတို့ ကွာဝေးခဲ့ ဘန်နာတလွင့်လွင့် ရက်တွေ ပြီးတော့ မီးခိုးတလွင့်လွင့် လတွေ နေလိုလလို တိမ်လိုမြူလို နှစ်များမှာ ငါတို့ရဲ့ခွာတွေကို ငါတို့ခြေကနေ ဖြုတ်ယူပြီး မြို့ရဲ့ ထုပ်တန်းပေါ် ဒီစောက်ကာလတရားနဲ့ အတူတူ တင်ထားလိုက်တယ် ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်မှာ မီးလောင်နေတဲ့ အသက်ကယ်လှေတစ်စင်းလို ငါတို့အားလုံး နှင်းဆီဖြူရဲ့ အဝေးကလူတွေချည်းပါပဲလေ အိမ်မရှိတဲ့ အရပ်မှာ မင်းရှိနေပေမယ့် သမိုင်းရဲ့ ရက်စက်တဲ့ တိုက်လေတွေကြား မင်းတအား ခိုက်ခိုက်တုန်နေတဲ့ အချိန်တိုင်းမှာ မြို့က တောနက်နက် တောင်ထူထူတွေကို ဖြတ်ပြီး သူ့အနွေးဓာတ်ကို မရမက ဆန့်ထုတ်လို့ ရင်ဘတ်နဲ့ မဆန့်မပြဲ လမ်းတွေဟာ သူတို့ကိုယ်အနှံ့ နေရာမလပ် ဓာတ်ဆီလောင်းချပြီး လောင်ကျွမ်းပစ်လို့ အဲဒီ မီးလောင်ပြင်တွေကို ငါတို့လို နိုင်ငံလေးရဲ့ သွေးနီရင်ပြင်ကြီးအဖြစ် သမုတ်ကြလို့ ငါတို့ခေတ်ကြီးထဲ ပျောက်ဆုံးသွားသူတွေရဲ့ အရိပ်များကို ကြိုဟောစာတမ်းအတိုင်း နွေဦးပေါက်ရာသီက ငါတို့ဝိညာဉ်တွေကို ငါတို့ကိုယ်တွေဆီ ပြန်ရောက်လာအောင် ရေဘဝဲတွေလို ပြုစားကြမှာ

အဝေးအရပ်တွေမှာ
တိမ်အုပ်တွေဆီ ကြည့်ငေးရင်း
မင်းလုပ်ဖို့လိုတဲ့ တစ်ခုတည်းသောအရာက
အိမ်အရပ်ဆီ မျက်နှာမူဖို့
အိမ်အရပ်ဆီ ဖုန်းခေါ်ဖို့
ပြီး အိမ်အရပ်ဆီ အရောက်ပြန်လာဖို့

( နှင်းဆီဖြူရဲ့ အဝေးကလူတစ်ယောက်- ခင်ဝမ်း)

Public Service Announcement

Public Service Announcement

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’ပိုင်ဥာဏ်’ ရေးဖွဲ့တဲ့ ““အိမ်အရပ်ဆီ မျက်နှာမူထားကြသူတွေအတွက် အချစ်ကဗျာတပုဒ် “ ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...