Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ် မကြေညာခင် ကာတာမှာရှိတဲ့ အမေရိကန် လေတပ်စခန်းကို အီရန်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်၊ အထိအခိုက်မရှိ

ကာတာနိုင်ငံထဲမှာရှိတဲ့ အမေရိကန် လေတပ်စခန်း တစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ ပြီးတော့ အီရန်ရဲ့ ဒုံးကျည် အများစုကို အမေရိကန်နဲ့ ကာတာ လေကြောင်းကာကွယ်ရေး စနစ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

Getty Images

ကာတာနိုင်ငံထဲမှာရှိတဲ့ အမေရိကန် လေတပ်စခန်း တစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ ပြီးတော့ အီရန်ရဲ့ ဒုံးကျည် အများစုကို အမေရိကန်နဲ့ ကာတာ လေကြောင်းကာကွယ်ရေး စနစ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၃ ရက်နေ့ ညပိုင်းက တိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ ၂ ရက်လောက်က အီရန်ရဲ့ နျူကလီးယား စခန်း ၃ ခုကို အမေရိကန်က ဗုံးကြဲခဲ့တဲ့အတွက် လက်တုံ့ပြန်ခြင်းလည်း ဖြစ်ပါတယ်။ ကာတာက နိုင်ငံရဲ့ လေပိုင်နက် ထိပါးကျူးကျော် ခံရခြင်းကို ရှုတ်ချ ကန့်ကွက်ခဲ့ပြီး အီရန်ရဲ့ ဒုံးကျည် အားလုံးနီးပါး ပစ်ချခံခဲ့ရတယ်လို့ အတည်ပြုခဲ့ပါတယ်။

နာရီအနည်းငယ် အကြာမှာတော့ ကာတာဟာ တိုက်ခိုက်မှုအတွင်း ပိတ်ထားတဲ့ နိုင်ငံလေပိုင်နက်ကို ပြန်ဖွင့်ပေးခဲ့ပြီး အရပ်ဖက် လေကြောင်းခရီးစဉ်တွေ ပုံမှန် ပျံသန်းနေကြကြောင်း ကြေညာပါတယ်။

အီရန်က ပစ်မှတ်ထားခဲ့တာဟာ ကာတာရဲ့ မြို့တော် ဒိုဟာနားမှာရှိတဲ့ အယ်လ်အိုဒေး လေတပ်စခန်းဖြစ်ပြီး အမေရိကန် တပ်ဖွဲ့ဝင် ၈၀၀၀ လောက် အခြေစိုက်ထားပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ရဲ့ တိုက်ခိုက်မှုဟာ အတော်လေး အားပျော့ပြီး တိုက်ခိုက်မှု မတိုင်ခင်မှာလည်း အမေရိကန်ဆီ ကြိုတင် အသိပေးခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအတွက်လည်း အီရန်ကို ကျေးဇူးတင်တယ်လို့ သူက ဆိုတယ်။

Public Service Announcement

Public Service Announcement

အယ်လ်အိုဒေး လေတပ်စခန်းကို အီရန် ဒုံးကျည်တွေ ရောက်မလာခင် ကတည်းက အမေရိကန် တပ်ဖွဲ့ဝင်တွေကို လုံခြုံဘေးကင်းအောင် ကြိုတင် စီမံ ရွှေ့ပြောင်းထားနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ ဒုံးကျည် အားလုံးနီးပါး ပစ်ချတာ ခံရတာကြောင့်လည်း လေတပ်စခန်းမှာ အပျက်အစီး မများခဲ့ပါဘူး။

အမေရိကန် လေတပ်စခန်းကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာဟာ အီရန်ရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုနဲ့ အမျိုးသား လုံခြုံရေးကဏ္ဍကို ထိပါးပြီးရင် သေချာပေါက် တန်ပြန် ပေးဆပ်ရမယ် ဆိုတာကို အမေရိကန်ဆီ ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား သတင်းစကား ပေးပို့လိုက်တာ ဖြစ်တယ်လို့ အီရန်က ပြောပါတယ်။

ကာတာရဲ့ ထုတ်ပြန်ချက်မှာတော့ အီရန်တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချထားပြီး အဲဒီတိုက်ခိုက်မှုကို အောင်အောင်မြင်မြင် တွန်းလှန်နိုင်ခဲ့တယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှု မဖြစ်ခင် ကာတာမှာရှိတဲ့ အမေရိကန် သံရုံးက အမေရိကန် နိုင်ငံသားတွေ အနေနဲ့ အရမ်း ထင်သာမြင်သာ ဖြစ်နေမယ့် အခြေအနေတွေကနေ ရှောင်ရှားပြီး သိုသိုသိပ်သိပ် နေကြဖို့ သတိပေး ကြေညာထားပါတယ်။ နောက်ပိုင်းမှာ အဲဒီ ကြေညာချက်ကို ရုပ်သိမ်းလိုက်ပြီး သံရုံးကလည်း ပုံမှန် လုပ်ငန်းလည်ပတ်နေပါတယ်။

အယ်လ်အိုဒေး လေတပ်စခန်းကို အီရန်က လက်တုံ့ပြန် တိုက်ခိုက်ပြီး နာရီပိုင်း အကြာမှာတော့ အီရန်နဲ့ အစ္စရေးတို့ဟာ အပစ်အခတ် ရပ်စဲကြတော့မယ်လို့ ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ကြေညာခဲ့ပါတယ်။

အယ်လ်အိုဒေးဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန်ရဲ့ လေကြောင်း စစ်ဆင်ရေး မစ်ရှင်တွေကို အဓိက ကွပ်ကဲနေတဲ့ အထင်ကရ စစ်ဌာနချုပ် တစ်ခုလည်းဖြစ်ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။