Connect with us

Hi, what are you looking for?

News

ပြီးခဲ့သည့် တစ်လအတွင်း အရပ်သားပြည်သူများအပေါ် စစ်ကောင်စီက ပုံစံမျိုးစုံဖြင့် အကြမ်းဖက်ခဲ့သည့် ဖြစ်စဉ်မှတ်တမ်းများ NUG ထုတ်ပြန်

စစ်ကောင်စီက အကြမ်းဖက်မှုကျူးလွန်ရာဒေသများကိုလည်း ဖော်ပြခဲ့ရာ တိုင်းနှင့် ပြည်နယ် ၁၄ခုမှ မြို့နယ်အများအပြားရှိ ပြည်သူများစွာ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

(ချင်းပြည်နယ် ထန်တလန်မြို့ကို အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး​နေသည်ကို​တွေ့ရစဥ်၊ ဓာတ်ပုံ - ထန်တလန် PDF)

ဒေသအသီးသီး၌ အာဏာသိမ်းစစ်ကောင်စီက အရပ်သားများအပေါ် အကြမ်းဖက်မှုများ နေ့စဉ်ပြုလုပ်နေခြင်းနှင့်ပတ်သက်ပြီး တစ်လအတွင်းမှတ်တမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

အောက်တိုဘာ ၇ရက်မှ နိုဝင်ဘာ ၆ရက်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက အရပ်သားများအပေါ် အကြမ်းဖက်မှု ကျူးလွန်သည့် အခြေအနေများကို ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီက ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း အပါအဝင် ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်။

စစ်ကောင်စီက အကြမ်းဖက်မှုကျူးလွန်ရာဒေသများကိုလည်း ဖော်ပြခဲ့ရာ တိုင်းနှင့် ပြည်နယ် ၁၄ခုမှ မြို့နယ်အများအပြားရှိ ပြည်သူများစွာ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း၊ မတရားစွပ်စွဲ ဖမ်းဆီးခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ နေအိမ်အဆောက် အဦးများကို မီးရှို့ခြင်း၊ ကျေးရွာများသို့ ဝင်ရောက်စီးနင်းခြင်းဖြင့် ပြည်သူလူထုများကို ထွက်ပြေးတိမ်းရှောင်စေရခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရုံးများကို ဗုံးဖောက်ခွဲခြင်း၊ ပြည်သူလူထုနေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများ ခိုးယူခြင်း၊ အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း စသည့် ရာဇဝတ်မှုများကို စစ်ကောင်စီတပ်များက ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှု ဖြစ်စဉ်များကို မြေပြင်သတင်းတာဝန်ခံများနှင့် သတင်းဌာနများ၌ ဖော်ပြထားသည့် အချက်အလက်များကို အခြေခံ၍ ကာကွယ်ရေးဝန်ကြီးဌာနက ပြုစုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

Facebook