Connect with us

Hi, what are you looking for?

News

ဒန်နီဖန်စတာလွတ်မြောက်မှု ကန်နိုင်ငံခြားရေးဝန်ကြီးကြိုဆိုလိုက်ပြီး မတရားဖမ်းဆီးခံရသူတွေကိုလည်း ပြန်လွှတ်ပေးဖို့ဆက်လက်တောင်းဆို

ဒန်နီဖန်စတာအနေနဲ့ မိသားစုနဲ့ မကြာခင်အချိန်အတွင်း ပြန်လည်ဆုံစည်းမယ့်အပေါ် ဝမ်းမြောက်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Antony Blinkenက ထုတ်ပြန်ပါတယ်။

(ဘီလ်ရစ်ချက်ဆန်နဲ့ ဒန်နီဖန်စတာကို လေဆိပ်၌တွေ့ရစဉ်)

ခြောက်လနီးပါးကြာမှားယွင်းဖမ်းဆီးခံရတဲ့ အမေရိကန်ဂျာနယ်လစ်ဒန်နီဖန်စတာလွတ်မြောက်လာမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံက မတရားဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ ဆက် လက်တောင်းဆိုကြောင်း ဒီနေ့(နိုဝင်ဘာ ၁၅ ရက်)ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ၁၁ နှစ်ကြာထောင်ဒဏ်ချမှတ်ခံရတဲ့ ဒန်နီဖန်စတာ ပြန်လည်လွတ်မြောက်မှုနဲ့ပတ်သက်လို့ သံအမတ်ကြီး Tom Vajda နဲ့ ရန်ကုန်သံရုံးအဖွဲ့သားတွေ၊ ဓားစာခံရေးရာအထူးကိုယ်စားလှယ် Roger Carstens ၊ အုပ်ချုပ်ရေးမှူး Bill Richardson အပါအဝင် ကောင်စစ်ရေးရာကျွမ်းကျင်သူတွေနဲ့ မိတ်ဖက်တွေကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချီးကျူးပါတယ်။

ဒန်နီဖန်စတာအနေနဲ့ မိသားစုနဲ့ မကြာခင်အချိန်အတွင်း ပြန်လည်ဆုံစည်းမယ့်အပေါ် ဝမ်းမြောက်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Antony Blinkenက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းတဲ့ ရေယာဉ်တွေဆီက ရေလမ်းကြောင်း အသုံးပြုခတွေ အီရန်က ကောက်ခံတာမျိုးကို အမေရိကန်က လက်ခံ ခွင့်ပြုမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

သတင်း

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်ကို အီရန်က စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့ အမေရိကန်နဲ့ စေ့စပ် ညှိနှိုင်းခဲ့တဲ့ အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ရေနံ ကုန်သွယ်ရေးအပေါ် ပိတ်ဆို့ထားမှုတွေကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။