Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ကျောက်မဲမြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံး ၄ လုံးထပ်ကြဲ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ရှိ စာသင်ကျောင်းအပါအဝင်နေရာအချို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း၌ လေကြောင်းမှ ဗုံး ၄လုံးထပ်မံကြဲသည်။

ဗုံးကြဲခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-CJ

ဇူလိုင်-၁၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ရှိ စာသင်ကျောင်းအပါအဝင်နေရာအချို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း၌ လေကြောင်းမှ ဗုံး ၄လုံးထပ်မံကြဲသည်။

ဇူလိုင် ၁၃ရက်နံနက် ၆နာရီ ၈မိနစ်၊ ၆နာရီ၁၄မိနစ်နှင့် ၆နာရီ ၁၉မိနစ်၌ အမက (၁၃) ကျောင်းနှင့်ဝါဆိုကျောင်းလမ်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဖြစ်သည်။

“ဆက်တိုက်ကြဲသွားတာပါ။လူနာတင်ယာဉ်တွေ အသံကြားတယ်။ အရပ်သားတွေထိခိုက်မှုရှိမယ်ထင်တယ်။ စောစောစီးစီကွယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အမက(၁၃)ကျောင်းသည် ပိတ်ထားပြီးယနေ့နံနက်ဗုံးကြဲမှုကြောင့်ထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးပေ။

လွန်ခဲ့သည့်တစ်ရက်​ကျော် ဇူလိုင် ၁၁ရက်ကလည်း ကျောက်မဲမြို့ပေါ်ရှိ ကောလီဟိုတယ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံးသုံးလုံးကြဲခဲ့ရာ လူ ၁ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်‌ထားသော ကျောက်မဲ၊သီပေါနှင့် မိုးကုတ်မြို့နယ်တို့ကို လေကြောင်းမှ မကြာခဏ ဗုံးကြဲနေသည်။

ကျောက်မဲမြို့ကို ဇွန်လ ၂၄ရက်၊ ဇွန်၂၇ရက်၊ဇွန် ၂၉ရက်၊ ဇူလိုင်လ ၆ရက်၊ ဇူလိုင်လ ၈ရက်ကလည်း ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၆ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီနှင့် TNLAသည် နောင်ချိုမြို့တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်မှာ မြို့အဝင်ဝအနီးထိ​ရောက်လာသည်။ ကျောက်မဲ-နောင်ချို ပြည်‌ ထောင်စုလမ်းပိုင်းကိုTNLAက ဖြတ်သန်းခွင့်ပိတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။