Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ် လေကြောင်းတိုက်ခိုက်မှု အမျိုးသမီး တစ်ဦးသေဆုံး၊ နေအိမ်တွေ ပျက်စီး

မကွေးတိုင်း၊ပေါက်မြို့နယ်က နယ်သတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရကာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ပေါက်မြို့နယ်က နယ်သတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရသော ပျက်စီးမှုများ။ ဓာတ်ပုံ - CJ

ဇူလိုင်-၁၆၊၂၀၂၅၊ရှိန်း/People Spring

မကွေးတိုင်း၊ပေါက်မြို့နယ်က နယ်သတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရကာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဇူလိုင် ၁၅ ရက် ညနေ၄နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ နယ်သတ်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက်(၄၀)ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးပြီး အသက်(၃၀) အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့တာလို့ သိရပါတယ်။

ပေါက်မြို့နယ်က နယ်သတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရသော ပျက်စီးမှုများ။ ဓာတ်ပုံ – CJ

“တိုက်ပွဲ မရှိပါဘူး။ထုံးစံအတိုင်း သပ်သပ်လာကြဲသွားတာပေါ့။‌‌ရွာထဲတည့်တည့်ကြဲသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နယ်သတ်ကျေးရွာဟာ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ကျေးရွာဖြစ်ပြီး ရေနံမှော်တွေ အနီးမှာရှိတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ၂၄ ရက်ကလည်း နယ်သတ်ကျေးရွာနဲ့ ဆုံကုန်းကျေးရွာ အနီးတဝိုက်ကိုပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံ နှစ်ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်၂လုံးပျက်စီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။