Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ် လေကြောင်းတိုက်ခိုက်မှု အမျိုးသမီး တစ်ဦးသေဆုံး၊ နေအိမ်တွေ ပျက်စီး

မကွေးတိုင်း၊ပေါက်မြို့နယ်က နယ်သတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရကာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ပေါက်မြို့နယ်က နယ်သတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရသော ပျက်စီးမှုများ။ ဓာတ်ပုံ - CJ

ဇူလိုင်-၁၆၊၂၀၂၅၊ရှိန်း/People Spring

မကွေးတိုင်း၊ပေါက်မြို့နယ်က နယ်သတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရကာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဇူလိုင် ၁၅ ရက် ညနေ၄နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ နယ်သတ်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက်(၄၀)ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးပြီး အသက်(၃၀) အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့တာလို့ သိရပါတယ်။

ပေါက်မြို့နယ်က နယ်သတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရသော ပျက်စီးမှုများ။ ဓာတ်ပုံ – CJ

“တိုက်ပွဲ မရှိပါဘူး။ထုံးစံအတိုင်း သပ်သပ်လာကြဲသွားတာပေါ့။‌‌ရွာထဲတည့်တည့်ကြဲသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နယ်သတ်ကျေးရွာဟာ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ကျေးရွာဖြစ်ပြီး ရေနံမှော်တွေ အနီးမှာရှိတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ၂၄ ရက်ကလည်း နယ်သတ်ကျေးရွာနဲ့ ဆုံကုန်းကျေးရွာ အနီးတဝိုက်ကိုပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံ နှစ်ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်၂လုံးပျက်စီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ် အမှတ်(၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၂၂) ကနေ ပေါက်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့တော် လှန်ရေးရဲဘော်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေထဲက ထက်၀က်ကျော် ပြန်မိထားတယ်လို့ ဒေသခံနဲ့စစ်ရေးတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေး၊ ဘုတလင်၊ ရွှေဘိုနဲ့ လက်ပံတောင်းတောင်ဒေသတွေမှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဘုံတိုဆီမီးသပိတ်လေကြောင်းတိုက်ခိုက်ခံရမှု (၁)နှစ်ပြည့် ဝမ်းနည်းခြင်းအဖြစ် သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၅) ပြုလုပ်ခဲ့ပါတယ်။