Connect with us

Hi, what are you looking for?

News

အီတလီနိုင်ငံ ပါးမားတက္ကသိုလ်ကကျင်းပသော မြန်မာ့အရေး ဆွေးနွေးပွဲ ​​ဒေါက်တာ​ဇော်​ဝေစိုးတက်ရောက်

အီတလီနိုင်ငံအနေဖြင့် ပြည်သူ့အစိုးရလက်ထက် ကပ်ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းများကို ကူညီခဲ့သည့်အလျှောက် လက်ရှိ NUG အစိုးရ၏ လုပ်ငန်းများကိုလည်း ဆက်လက်ကူညီပေးရန် ဝန်ကြီးက တောင်းဆိုခဲ့သည်။

အီတလီနိုင်ငံ ပါးမားတက္ကသိုလ်ကကျင်းပသော မြန်မာ့အရေး ဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ Online meeting ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနကထုတ်ပြန်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ဒီမိုကရေးစီ ယဉ်ကျေးမှုနှင့် မြန်မာ့ဒီမိုကရေစီခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး လက်ရှိအခြအနေများအား ရှင်းပြခဲ့သည်။

ထိုသို့ရှင်းပြရာတွင် မြန်မာနိုင်ငံအနေဖြင့် စစ်တပ်မှအာဏာသိမ်းမှုများကို ၁၉၆၂ ခုနှစ်တွင် တစ်ကြိမ် ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ် ယခု ၂၀၂၁ ခုနှစ်တွင် တစ်ကြိမ် အသီးသီးကြုံခဲရကြောင်းလည်း ပါဝင်သည်။

ယင်းအပြင် လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 နှင့် စပ်လျဉ်း၍ ပြည်သူရေးချယ်တင်မြှောက်သော အစိုးရလက်ထက် ကိုဗစ်ပထမလှိုင်း ဒုတိယလှိုင်း အခြေအနေများနှင့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီအုပ်ချုပ်သည့်ကာလ ကိုဗစ်တတိယလှိုင်းအခြေအနေများ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်မှုအခြေအနေများကို ဝန်ကြီးက ရှင်းပြခဲ့သည်။

Public Service Announcement

Public Service Announcement

အီတလီနိုင်ငံအနေဖြင့် ပြည်သူ့အစိုးရလက်ထက် ကပ်ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းများကို ကူညီခဲ့သည့်အလျှောက် လက်ရှိ NUG အစိုးရ၏ လုပ်ငန်းများကိုလည်း ဆက်လက်ကူညီပေးရန် ဝန်ကြီးက တောင်းဆိုခဲ့သည်။

ိယခင်ကလည်း အီတလီနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ယဉ်ကျေးမှု ပညာရေး ကျန်းမာရေးစသည့် ကဏ္ဍများတွင် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့သည့် သာဓကများလည်းရှိထားပြီးဖြစ်ကြောင်း ဒေါက် တာဇော်ဝေစိုးက ထပ်လောင်းပြောကြာသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စားပြုတက်ရောက်ခဲ့သော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဝန်ကြီးဌာန၏လုပ်စဉ်များရှင်းပြရာတွင် ပညာရေးအတွက် Home Education အစီအစဉ် ကျန်းမာရေးနှင့်ပတ်သက်ပြီး ကိုဗစ်ကာကွယ်ဆေးရရေး လုပ်ဆောင်နေသည့်အစီအစဉ်များကိုပါ ထည့်သွင်းရှင်းလင်းခဲ့သည်။

အီတလီနိုင်ငံနှင့် မြန်မာနိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၃၀ ကျော် ရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မီးရထား တစ်စီးပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ ဆယ်ကျော်သက် လူငယ်လေးတွေကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီ သံရုံးက ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က BTS ရထားလိုင်းပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ နိုင်ငံသား လူငယ်တစ်စုတို့ကြား အပြန်အလှန် စကားများခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို