Connect with us

Hi, what are you looking for?

LuduNwayOo

News

အီတလီနိုင်ငံ ပါးမားတက္ကသိုလ်ကကျင်းပသော မြန်မာ့အရေး ဆွေးနွေးပွဲ ​​ဒေါက်တာ​ဇော်​ဝေစိုးတက်ရောက်

အီတလီနိုင်ငံအနေဖြင့် ပြည်သူ့အစိုးရလက်ထက် ကပ်ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းများကို ကူညီခဲ့သည့်အလျှောက် လက်ရှိ NUG အစိုးရ၏ လုပ်ငန်းများကိုလည်း ဆက်လက်ကူညီပေးရန် ဝန်ကြီးက တောင်းဆိုခဲ့သည်။

အီတလီနိုင်ငံ ပါးမားတက္ကသိုလ်ကကျင်းပသော မြန်မာ့အရေး ဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ Online meeting ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနကထုတ်ပြန်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ဒီမိုကရေးစီ ယဉ်ကျေးမှုနှင့် မြန်မာ့ဒီမိုကရေစီခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး လက်ရှိအခြအနေများအား ရှင်းပြခဲ့သည်။

ထိုသို့ရှင်းပြရာတွင် မြန်မာနိုင်ငံအနေဖြင့် စစ်တပ်မှအာဏာသိမ်းမှုများကို ၁၉၆၂ ခုနှစ်တွင် တစ်ကြိမ် ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ် ယခု ၂၀၂၁ ခုနှစ်တွင် တစ်ကြိမ် အသီးသီးကြုံခဲရကြောင်းလည်း ပါဝင်သည်။

ယင်းအပြင် လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 နှင့် စပ်လျဉ်း၍ ပြည်သူရေးချယ်တင်မြှောက်သော အစိုးရလက်ထက် ကိုဗစ်ပထမလှိုင်း ဒုတိယလှိုင်း အခြေအနေများနှင့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီအုပ်ချုပ်သည့်ကာလ ကိုဗစ်တတိယလှိုင်းအခြေအနေများ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်မှုအခြေအနေများကို ဝန်ကြီးက ရှင်းပြခဲ့သည်။

Public Service Announcement

Public Service Announcement

အီတလီနိုင်ငံအနေဖြင့် ပြည်သူ့အစိုးရလက်ထက် ကပ်ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းများကို ကူညီခဲ့သည့်အလျှောက် လက်ရှိ NUG အစိုးရ၏ လုပ်ငန်းများကိုလည်း ဆက်လက်ကူညီပေးရန် ဝန်ကြီးက တောင်းဆိုခဲ့သည်။

ိယခင်ကလည်း အီတလီနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ယဉ်ကျေးမှု ပညာရေး ကျန်းမာရေးစသည့် ကဏ္ဍများတွင် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့သည့် သာဓကများလည်းရှိထားပြီးဖြစ်ကြောင်း ဒေါက် တာဇော်ဝေစိုးက ထပ်လောင်းပြောကြာသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စားပြုတက်ရောက်ခဲ့သော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဝန်ကြီးဌာန၏လုပ်စဉ်များရှင်းပြရာတွင် ပညာရေးအတွက် Home Education အစီအစဉ် ကျန်းမာရေးနှင့်ပတ်သက်ပြီး ကိုဗစ်ကာကွယ်ဆေးရရေး လုပ်ဆောင်နေသည့်အစီအစဉ်များကိုပါ ထည့်သွင်းရှင်းလင်းခဲ့သည်။

အီတလီနိုင်ငံနှင့် မြန်မာနိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၃၀ ကျော် ရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

သတင်း

အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဌ အဖြစ်တာဝန်ယူထားချိန်မှာ မြန်မာ့ပြသာနာ​ဖြေရှင်းနိုင်ဖို့အတွက် ​တော်လှန်​ရေးအင်အားစု​တွေ ၊ စစ်​ကောင်စီ အပါအဝင် အလွာမျိုစုံကသက်ဆိုင်သူ​တွေနဲ့အကြိမ်​ပေါင်း ၁၈၀ ​ကျော် ​တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ ဆိုပါတယ်။