Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ် အစာအဆိပ်သင့်

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အစာအဆိပ်သင့် ဝေဒနာ ခံစားရလို့ ရက်ပိုင်းလောက် အနားယူရမယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။

Reuters

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အစာအဆိပ်သင့် ဝေဒနာ ခံစားရလို့ ရက်ပိုင်းလောက် အနားယူရမယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။

နေတန်ညာဟုဟာ နေအိမ်မှာပဲ ၃ ရက်ကြာ အနားယူနေမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အစိုးရရဲ့ အရေးကြီးတဲ့ တာဝန်တွေကိုတော့ နေအိမ်ကနေ ဆက်လက်ပြီး စီမံ ခန့်ခွဲနေဖို့ရှိကြောင်း ဇူလိုင် ၂၀ ရက်နေ့ ကြေညာချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

အသက် ၇၅ နှစ်အရွယ် နေတန်ညာဟုဟာ အဲဒီ တစ်ညလုံး ဖျားခဲ့တာကြောင့် လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာ အူရောင်ပြီး ရေဓာတ် ခန်းခြောက်တဲ့ လက္ခဏာတွေကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ ဆေးသွင်း ကုသမှုတွေပါ ခံယူခဲ့ရကြောင်း သိရှိရပါတယ်။

ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်နဲ့အညီ ဝန်ကြီးချုပ်ဟာ နောက်ထပ် ၃ ရက်ကိုတော့ နေအိမ်မှာပဲ အနားယူနေမှာ ဖြစ်ကြောင်း၊ ဒီအတောအတွင်း နိုင်ငံရဲ့ အရေးကိစ္စတွေကိုလည်း အိမ်ကနေပဲ စီမံကိုင်တွယ်နေမှာဖြစ်ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

နေတန်ညာဟုဟာ ဇူလိုင် ၂၀ ရက် မနက်ပိုင်းတုန်းက အစိုးရအဖွဲ့ရဲ့ ပုံမှန် အစည်းအဝေးကို မတက်ရောက်နိုင်ခဲ့တဲ့နောက် ဝန်ကြီးချုပ် ရုံးဆီက အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။

ဂျေရုဆလင်မှာရှိတဲ့ ဟာဒက်ဆာ တက္ကသိုလ် ဆေးရုံရဲ့ ဌာနမှူး တစ်ဦးဖြစ်သူ ဒေါက်တာ အေလွန် ဟက်ရှ်ကိုက ဝန်ကြီးချုပ်ဟာ မသန့်တာ တစ်ခုခု စားမိရာက အစာအဆိပ်သင့်ပြီး အူရောင်ခဲ့ကြောင်း ပြောပါတယ်။ နောက်ဆက်တွဲ စစ်ဆေးမှု ရလဒ်တွေ အားလုံး ကောင်းမွန်တယ်လို့လည်း သူက ဆိုပါတယ်။

နေတန်ညာဟုဟာ ၂၀၂၃ ခုနှစ်တုန်းက နှလုံးမှာ စက်တပ်ထားရသလို ဆီးလမ်းကြောင်း ပိုးဝင်မှု ပြဿနာ တစ်ခုကြောင့် ဆီးကြိတ်ဖယ်ရှား ဖြတ်တောက်တဲ့ ခွဲစိတ်မှုကိုလည်း ခံယူထားရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပစ်ရပ်ထားပေမယ့် အီရန်နဲ့ စစ်ပြန်တိုက်ရမယ် ဆိုရင်လည်း အသင့်ပဲလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားပေမယ့် အီရန်နဲ့ စစ်ပြန်တိုက်ရမယ် ဆိုရင်လည်း အသင့်ပဲလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တူရကီက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

သတင်း

စာသင်ကျောင်းတွေမှာ အခမဲ့ကျွေးမွေးတဲ့ အစားအသောက်တွေကနေ အဆိပ်သင့်လို့ အင်ဒိုနီးရှားမှာ ကလေး ၇၀၀ နီးပါးလောက် နာမကျန်း ဖြစ်ခဲ့ပါတယ်။