Connect with us

Hi, what are you looking for?

သတင်း

PDFနှင့်ပကဖများပူး​ပေါင်းထား​သောဧရာဝတီပူးပေါင်းစစ်ကြောင်းကစစ်သင်္ဘောများကိုတိုက်ခိုက်

စစ်သင်္ဘောနစ်မြုပ်မှုရုပ်သံပြသ၊စစ်သား ၅ ဦးသေ၂၁ ဦးထိခိုက်ဒဏ်ရာရဟု NUGထုတ်ပြန်

စစ်သင်္ဘောများကို ဧရာဝတီပူး​ပေါင်းစစ်​ကြောင်းကတိုက်ခိုက်စဥ်။ ဓါတ်ပုံ-NUG MOD

ဇူလိုင်၂၂၊ ၂၀၂၅။ထားမြတ်၊​ဇော်ရမ်း/People’s Spring

မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းမှဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော (၁၇) စီးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မန္တလေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပြင်ဦးလွင်ခရိုင်စစ်ဌာနကွပ်ကဲမှုဖြင့် ဧရာဝတီစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအချို့ မီးလောင်းပျက်စီးကာ ၁စီး နစ်မြှုပ်ခဲ့​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ( NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီ စစ်သင်္ဘောများကို သပိတ်ကျင်းမြို့နယ်၊ ချောင်းသလဲကျေးရွာမှ ကျောက်ကြီးဇာတ်ဆိပ်ကြားနေရာများတွင် ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုရုပ်သံနှင့်တကွ ဖော်ပြသည်။

ထိုသို့တိုက်ခိုက်ခဲ့ရာစစ်သင်္ဘော(၁)စီးပျက်စီးမီးလောင်ကာ (၁) စီးနစ်မြှပ်ခဲ့ပြီး (၂)စီးဆက်လက်မောင်းနှင်နိုင်ခြင်းမရှိကြောင်း​အသိ​ပေးသည်။ထို့အပြင်စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်သင်္ဘော (၁၇) စီး တိုက်ခိုက်မှုကို မန္တလေးတိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ ပြင်ဦးလွင်ခရိုင်စစ်ဌာန ကွပ်ကဲမှူဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (၅၀၉) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်တပ်ရင်းများ၊ မိုးကုတ်ဗျုဟာ၊ သပိတ်ကျင်းတိုက်နယ်(ပကဖ)၊ မြိုင်မြို့နယ်(ပကဖ)၊ မန္တလေးတိုင်းလက်နက်ကြီးတပ်ဖွဲ့ နှင့် မဟာမိတ်တပ်များက ဧရာဝတီပူးပေါင်းစစ်ကြောင်းအဖြစ်စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“MODက အခုမှသတင်းထုတ်ပြန်ခွင့် ပြုယူတာပါ။တိုက်ပွဲကပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ဗျူဟာကြကြတိုက်ပွဲဖော်ဆောင်နိုင်ခဲ့တယ်”ဟု​တော်လှန်​ရေးရဲ​ဘော် ၁ ဦးက​ပြောသည်။

စစ်သင်္ဘောများတိုက်ခိုက်မှုရုပ်သံမှတ်တမ်းတွင် လေကြောင်းဖြင့်စောင့်ရှောက်မှု ပေးထားသည့် ကြားမှစစ်ကောင်စီ၏ သင်္ဘောအုပ်စုကို တော်လှန်ရေးရဲဘော်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

“ရယ်ဒီလုပ်ထားရယ်ဒီလုပ်ထား၊လုံး၀အကောင်းဆုံးပုံစံနော်”ဟုတော်လှန်ရေးရဲဘော်များ၏ ပြောဆိုသံ ကြားရပြီး စစ်သင်္ဘောများ ပစ်ကွင်းသို့ ဝင်လာစဉ် ဆွဲ၊ ဆွဲဟု အမိန့်ပေးခဲ့ရာ စစ်သင်္ဘောများအနီးပေါက်ကွဲမှု၆နေရာခန့် ဖြစ်ပေါ်ခဲ့ပြီး သင်္ဘောထိမှန်ခဲ့သည်ကိုရုပ်သံမှတ်တမ်း၌ တွေ့ရသည်။

စစ်သင်္ဘော တစ်စီးနစ်မြှပ်စဥ်။ ဓါတ်ပုံ-NUG MOD

ထို့နောက်တွဲတွန်းသည့်သင်္ဘောတစီးတိမ်းစောင်းပြီးရေထဲတဖြည်းဖြည်းနစ်မြှုပ်စဉ်ထိုသင်္ဘောမှ စစ်သားများ အခြား တွဲယာဉ်ပေါ် ထွက်ပြေးကြသည်ကိုတွေ့ရသည်။ ထို​​နောက်တိမ်းစောင်းနေသည့် သင်္ဘော နစ်မြုပ်သွားသည်ကိုလည်း တွေ့ရသည်။

ထိုအပြင်ဗန်းမော်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁)က စစ်သင်္ဘောများနှင့်ပတ်သက်သည့် အသိပေးချက်ကိုဇူလိုင်၂၂ရက်တွင်ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ သင်္ဘောများသည် ဇူလိုင် ၂၂ရက်တွင် ထီးချိုင့်မြို့သို့ ရောက်ရှိလာပြီဖြစ်၍ ဗန်းမော်ခရိုင်အတွင်း မြစ်ကမ်းနားရှိ ပြည်သူများအရေးပေါ် ပြောင်းရွှေ့ကြရန်သတိ​ပေးထားသည်။

သင်္ဘောအုပ်စုသည် မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်းမှ ဇူလိုင်လ၁၇ရက်တွင်စတင်ထွက်ခွာလာခြင်းဖြစ်သည်။ ထီးချိုင့်မြို့နယ်မှကျော်ပါက ကသာ၊ ရွှေကူမြို့တို့ကို ဖြတ်ပြီး ဗန်းမော်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။

စစ်ကောင်စီ သင်္ဘောများ တက်လာသည်နှင့်လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုများ တိုက်ပွဲများ ဖြစ်ပွားလာမည်ဖြစ်၍ ပြည်သူများအနေဖြင့် မြစ်ကမ်းနားတကြောသွားလာခြင်း ပွဲလမ်းသဘင် ပြုလုပ်ခြင်း၊လူစုလူဝေးများသို့ သွားရောက်ခြင်းမပြုလုပ်ရန် ဗန်းမော် PDFက နှိုးဆော်သည်။ ပြည်သူများအနေဖြင့်စစ်စစ်သေင်္ဘာများ ဆန်ခြင်း၊ စုန်ခြင်း ကင်းစင်ပြီးမှသာ နေရပ်သို့ သွားလာနေထိုင်ကြရန်နှင့် စစ်ရေးသတိမူနေကြရန်အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။