Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်မှာ မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က ကြို့ကိုးပင်ကျေးရွာကို ဝင်ရောက်တပ်စွဲပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုအပြီး စစ်တပ်ထံက သိမ်းဆည်းရရှိတဲ့ပစ္စည်းတွေနဲ့အတူတွေ့ရတဲ့တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ - သာယသဝတီခရိုင် ပကဖ

ဇူလိုင်-၂၄၊ ၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က ကြို့ကိုးပင်ကျေးရွာကို ဝင်ရောက်တပ်စွဲပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ကြို့ကိုးပင်ရွာကို အင်အား ၁၅၀ ဝန်းကျင်နဲ့ ဝင်ရောက်တပ်စွဲပြီး နေအိမ်တွေကို မီးရှို့ဖျက် ဆီးနေတဲ့ စစ်ကောင်စီတပ်ကို မနေ့ ဇူလိုင် ၂၃ ရက် မနက် ၅ နာရီလောက်မှာ သာယာဝတီခရိုင် ပကဖ အမှတ်(၁) တိုက်ခိုက်ရေးတပ်ခွဲတွေဖြစ်တဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၅)နဲ့ ဇီးကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

“(စကစ တပ်သား)၂၀ ကျော်သေပါတယ်။ မနေ့ကညနေမှာပဲ နယ်မြေရှင်းလင်းမှု လုပ်ပြီးပါပြီ” လို့ တိုက်ခိုက်မှုအပြီး နောက်ဆက်တွဲအခြေအနေကို သာယာဝတီခရိုင် ပကဖ၊ အမှတ်(၁)နဲ့ အမှတ်(၂)တပ်ခွဲဖြစ်တဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Springကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲမှာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီကျော်ကြာမြင့်ပြီး စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့သလို

တာ်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိအခိုက်အကျ အဆုံးမရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

ဇူလိုင် ၂၀ရက်နေ့မနက်ပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာဘက် အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ရွာထိပ်နားအရောက်မှာ Black Dragon(GBK PDF)မှ ရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

တိုက်ခိုက်မှုအတွင်းမှာ လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ် ကောင်စီဘက်က ငါးဦးနေရာတင်သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရကာ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

ကြို့ကိုးပင်ရွာဟာ အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်စစ်ကြောင်းက ဇူလိုင် ၂၃ ရက်နေ့ညနေ ၆ နာရီလောက်မှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး နေအိမ်ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိပ်ကိုတော့ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook