Connect with us

Hi, what are you looking for?

သတင်း

မိုးနှင့်လေပြင်းကြောင့် လူထိခိုက်သေဆုံးမှုတိုးလာ

ဗီယက်နမ်နိုင်ငံကိုဝင်ရောက်ခဲ့သည် ဝီဖာ(Wipha)မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုးနှင့်လေ ပြင်းထန်နေစဉ် ယနေ့(ဇူလိုင်၂၄ရက်) တစ်နေ့တည်း ရန်ကုန်၊ မြစ်ကြီးနား၊မော်လမြိုင်နှင့် ပေါင်မြို့နယ်တို့၌ လေပြင်းပြင်းတိုက်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမှုများရှိခဲ့သည်။

ဇူလိုင်-၂၄၊၂၀၂၅။လူအေး/People’s Spring

ဗီယက်နမ်နိုင်ငံကိုဝင်ရောက်ခဲ့သည် ဝီဖာ(Wipha)မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုးနှင့်လေ ပြင်းထန်နေစဉ် ယနေ့(ဇူလိုင်၂၄ရက်) တစ်နေ့တည်း ရန်ကုန်၊ မြစ်ကြီးနား၊မော်လမြိုင်နှင့် ပေါင်မြို့နယ်တို့၌ လေပြင်းပြင်းတိုက်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမှုများရှိခဲ့သည်။

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်‌ဆိပ်ကမ်းတွင် ယနေ့ နံနက်အစောပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့ပြီး ကွန်တိန်နာနှင့် ကားအချို့ပျက်စီးခဲ့သည်။ မော်လမြိုင်နှင့် ပေါင်မြို့တွင် နံနက်ပိုင်းက လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြားပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

” ပေါင်မြို့နယ်ကလေပြင်းဘေးက ပိုပြီးဆိုပါတယ်။ အိမ်တော်တော်များများပျက်စီးတယ်”ဟု လူမှုကူညီအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်ယနေ့ညနေ ၄နာရီခန့်က လေပြင်းတိုက်ခတ်နေစဉ်အိမ်စီးကားတစ်စီးပေါ် သစ်ပင်လဲကျ၍ ကားပေါ်ပါ မိသားစုအနက် ၂ဦးဒဏ်ရာ ရရှိခဲ့သည်။

မိုးကောင်းမြို့တွင်လည်း လေပြင်း တိုက်ခတ်၍ သစ်ပင်အချို့ပြိုလဲခဲ့သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် လမ်းရေကျော်စဉ် စစ်ဘေးရှောင်အမျိုးသားတစ်ဦး ရေစီးနှင့်မျောပါသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်း မြဝတီ၊ ကော့ကရိတ်မြို့နယ်တို့တွင် ရေကြီးနစ်မြုပ်မှုရင်ဆိုင်နေရသည်။

ဇူလိုင် ၂၁ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့တွင် ရေဘေးကြုံတွေ့ခဲ့ပြီး ကယ်ဆယ်ရေးသမား ရဲအရာရှိတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့သည်။

ဇူလ်ိုင် ၂၂ရက်က ဗီယက်နမ်နိုင်ငံကို ဝင်ရောက်သွားခဲ့သည့် တောင်တရုတ်ပင်လယ်ပြင်မှအပူပိုင်းမုန်တိုင်းဝီဖာ( Wipha)အရှိန်နှင့်ဘင်္ဂလားပင်လယ် အော်မှ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအများစုတွင်ယခုရက်ပိုင်းမိုးကြီးနိုင်သည့်အပြင်လေ ပြင်း တိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊လျှပ်တပျက် ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များသတိ ပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကသတိ ပေးထားသည်။

https://www.facebook.com/LuduNwayOo/videos/602214485973856

(မြစ်ကြီးနားမြို့တွင် လေပြင်းတိုက်ခတ်၍ ကားတစ်စီးပေါ် သစ်ပင်လဲကျနေစဉ်။ ရုပ်သံ – Zahkung Hawng Hkawng/FB)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဆောင်းပါး

“လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀အတွင်းဒီအဆင့်အထိ ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်စဉ်မျိုးမတွေ့ဖူးသေးပါဘူး”ဟုအမေရိကန်ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ဇီးခ် ဟောက်စ်ဖက်သာ(Zeke Hausfather)ကသုံးသပ်ထားပါတယ်။

ဆောင်းပါး

“လူသားတွေကြောင့် ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ခံနေရပြီးသား သစ်တောတွေမှာ မိုးရာသီ နောက်ကျသွားရင် ‘ဂေါ်ဇီလာ’ လို့ တင်စားခေါ်ဝေါ်တဲ့ အလွန်ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ပါတယ်။”

ဆောင်းပါး

ရာသီဥတုပြောင်းလဲမှုကို ကြားလိုက်ရင် အပူချိန်တက်လာတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်များလာတယ်။ရေခဲတောင်တွေအရည်ပျော်တယ် လို့ပဲတွေးမိတတ်ကြပါတယ်။ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုရဲ့ တကယ့်အကျိုးဆက်က လူတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။

Facebook