Connect with us

Hi, what are you looking for?

သတင်း

ရွာငံမြို့နယ်တွင် စစ်တပ်က အင်အားရာချီသုံးစစ်ကြောင်းထိုး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်က အင်အား ရာချီသုံး၍စစ်ကြောင်းထိုးလာကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တာဝန်ရှိသူက လူထုနွေဦး သို့ ပြောသည်။

ဇူလိုင်-၃၁၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်က အင်အား ရာချီသုံး၍စစ်ကြောင်းထိုးလာကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တာဝန်ရှိသူက လူထုနွေဦး သို့ ပြောသည်။

ရွာငံမြို့နယ်သည် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ကြိုတင်ကာကွယ်ခြင်းမျိုးဟု အထက်ပါတာဝန်ရှိသူက သုံးသပ်သည်။

ထို့ကြောင့် ရွာငံမြို့နယ်၏ အနောက်တောင်ခြမ်းရှိ ကျေးရွာများကို အင်အား ၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာ၍ ဇူလိုင်၂၇ ရက်က တောင်ဦးရွာနှင့် ရနဲကျေးရွာကြားတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း DSNDAက ဆိုသည်။

Public Service Announcement

Public Service Announcement

မိုင်းများ၊လက်နက်ငယ်များအပြင် မိုင်းကွင်းထဲရောက်ချိန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်စစ် ကြောင်းမှ ၁၀ဦးထက်မနည်းသေဆုံးကြောင်း ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်သေဆုံးအလောင်းနှင့် ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်က ရနဲရွာသို့ကားဖြင့်သယ်သွားခဲ့ပြီး လက်ရှိအချိန်ထိ ရနဲရွာတွင်အင်အား ၂၀၀ကျော်တပ်စွဲထားကြောင်း အသိပေးသည်။

ရနဲရွာအနီးတွင်ရှိသော တောင်ပို့ခေါင်း၊ဂွေးပင် ၊ဆပ်ခြံ တောင်ဦးနှင့် တဲ့လုရွာတို့တွင်လည်း တပ်စွဲထားပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီး ပြည်သူအချို့ ဖမ်းဆီးရိုက်နှက်ခံရမှုလည်း ရှိကြောင်းသိရသည်။

“လက်ရှိ ရွာငံမှာ အင်အား ၅၀၀ကျော်တယ်။ တပ်တွင်းက သတင်းအရဆို ရွာငံကို အင်အားတစ်ထောင်ထိ ဆင်းမယ်လို့ သိရတယ်။တပ်မ (၅၅)နဲ့ နယ်မြေခံပျူတွေ။တရားမဝင်ရွေးကောက်ပွဲလုပ်နိုင်အောင် နယ်မြေရှင်းတဲ့သဘော”ဟု DSNDA တာဝန်ရှိသူက စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လာမှုအပေါ် ရှင်းပြသည်။

လက်ရှိရွာငံမြို့နယ်တွင် စစ်ရေးတင်းမာမှုများကြောင့် စစ်ကောင်စီနှင့်သက်ဆိုင်သမျှ အနီးကပ် နေထိုင်ခြင်းမလုပ်ရန် နှင့် အသွားအလာသတိရှိကြရန် DSNDAက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။