Connect with us

Hi, what are you looking for?

သတင်း

ရေကြည် နှင့် လေးမျက်နှာမြို့နယ်တွင် တိုက်ပွဲများပြန်ဖြစ်နေ

ဧရာဝတီတိုင်း၊ရေကြည် နှင့် လေးမျက်နှာမြို့နယ်အတွင်းကျေးရွာအချို့တွင် အာရက္ခတပ်တော်(AA)၊PDFပူးပေါင်းတပ်များနှင့် စစ်ကောင်စီတိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှနေ့စဉ် ဗုံးကြဲနေသည်။

​ရေကြည် ၊​လေးမျက်နှာ၊ငသိုင်း​ချောင်းမြို့နယ်အနီးဝန်းကျင်​ဒေသကိုGoogle Earth တွင်​တွေ့ရမှု

သြဂုတ်-၅၊၂၀၂၅။မိထက်/People’s Spring

ဧရာဝတီတိုင်း၊ရေကြည် နှင့် လေးမျက်နှာမြို့နယ်အတွင်းကျေးရွာအချို့တွင် အာရက္ခတပ်တော်(AA)၊PDFပူးပေါင်းတပ်များနှင့် စစ်ကောင်စီတိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှနေ့စဉ် ဗုံးကြဲနေသည်။

ရေကြည်မြို့နယ်၊ သီတာကုန်းပြင်အုပ်စုရှိသရက်ပင်ကြီးစုရွာ နှင့် လေးမျက်နှာမြို့နယ် စက်စက်ယိုကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

” တိုက်ပွဲက ဟိုးရှေ့ရက်တုန်းကငြိမ်နေခဲ့တာ။ သြဂုတ်လထဲမှာ ပြန်ဖြစ်လာတယ်။ စစ်တပ်ကလည်း လေကြောင်းကနေ ညတိုင်း လာပစ်တယ်။ ပြည်သူတွေကတော့ပြေးလိုက်သွားလိုက်နဲ့”ဟု လေးမျက်နှာမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သရက်ပင်ကြီးစုရွာတွင် သြဂုတ်လဆန်းကတည်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး စက်စက်ယိုကျေးရွာတွင်မူ စစ်ကောင်စီကစစ်ကြောင်းထိုးလာ၍ သြဂုတ်လ၄ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

ရေကြည်မြို့အခြေစိုက် သီတာကုန်းပြင်အုပ်စုတွင် ရှိသည့်အမြောက်တပ်(အမတ-၃၄၄)ကို AAနှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့်ဇွန်လကအထိ တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လတွင် တိုက်ပွဲများရပ်တန့်ခဲ့သည်။သို့သော်သြဂုတ်လဆန်းမှစ၍ ‌AAက လက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီး တိုက်ပွဲပြန်ဖြစ်နေသည်ဟုဒေသခံများကပြောသည်။

ဇွန်လအတွင်းကတိုက်ပွဲများတွင် အမတ-၃၄၄မှ တပ်ဖွဲ့ဝင်ရန်အချို့ထွက်ပြေးခဲ့ပြီး စစ်ကောင်စီကလည်း ထိုနေရာမှအမြောက်များကို ကျုံပျော်မြို့ရှိခလရ(၃၆)သို့ ပြောင်းရွှေ့ခဲ့သည်။

“တိုက်ပွဲတွေကလည်းပြင်းပြင်းထန်ထန်ဖြစ်နေတာကနေ ရပ်လိုက်တော့ စစ်ကောင်စီကအင်အားပြန်ပြီးစုဖွဲ့သွားနိုင်တဲ့အနေအထားတွေ့ရတယ်။ နောက်ပြီးတော့ တိုက်ပွဲဖြစ်မနေရင်တောင်မှပဲစစ်ကောင်စီကလေကြောင်းကနေခဏခဏလာပစ်နေတယ်။ကျတော်တို့သဘောကတော့ ချမယ်ဟေ့ဆိုရင်လည်းပွဲ ပြတ်အောင်ချစေချင်တယ်။ ပြေးရလွှားရတာအရမ်းဒုက္ခရောက်တယ်” ဟု ရေကြည်မြို့နယ်မှ​ဒေသခံတစ်ဦးကပြောသည်။

လေးမျက်နှာမြို့နယ်မှကျေးရွာချို့ကို AAနှင့် PDFက ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီက ဟင်္သာတမြို့ဘက်မှနေ၍ အင်အားဖြည့်တင်းနေသည်။

ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တို့သည် ရခိုင်ရိုးမနှင့်ဆက်စပ်နေသည့်ဒေသများဖြစ်သည်။ ရိုးမအခြေမှကျေးရွာများတွင်စစ်ကောင်စီက အရပ်သားအချို့အား PDFဟု စွပ်စွဲ၍ဖမ်းဆီးသတ်ဖြတ်ခြင်းများ ရှိခဲ့သည်။

အမတ (၃၄၄တပ်စခန်းနှင့်ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တို့မှလက်လွှတ်ဆုံးရှုံးလိုက်ရသည့် လူနေကျေးရွာများမှ အိမ်ခြေအဆောက်အအုံနှင့် အရပ်သားပြည်သူလူထုအား စစ်ကောင်စီက လေယာဉ်၊ ဒရုန်း၊ လေထီး (Paramotor)၊ လက်နက်ကြီး (မီးလောင်ဗုံး) များဖြင့် ပစ်ခတ်တိုက်ခိုက်ကာစစ်ရာဇဝတ်မှုကျူးလွန်နေကြောင်းအမှတ် (၂၉) နည်းဗျူဟာ၊ ဧရာဝတီPDFက ပြီးခဲ့သည့် ဇူလိုင်လတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။