Connect with us

Hi, what are you looking for?

News

သပိတ်ကျင်းမှာ CDM ကျောင်းဆရာ ဖမ်းခံရပြီး စစ်ကြောရေးမှာ နာရီပိုင်းအတွင်း သေဆုံး

ညနေ ၅ နာရီလောက်မှာတော့ သေဆုံးသွားပြီလို့ ရဲစခန်းက မိသားစုကိုအကြောင်းကြားလာတယ်လို့ သိရပါတယ်။

People's Spring
People's Spring

မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့ထဲနယ်က CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ကျောင်းဆရာ ဦးဇော်မင်းအောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းသွားပြီး စစ်ကြောရေးမှာ နာရီပိုင်းအတွင်းသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အသက် ၄၀ အရွယ် အထက်တန်းပြကျောင်းဆရာ ဦးဇော်မင်းအောင် ဟာ သပိတ်ကျင်း ၊မြင်သာရွာမှာ နေထိုင်တာဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်က မနက်ပိုင်း ၁၁ နာရီလောက်မှာ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာဖမ်းသွားတာပါ။

ညနေ ၅ နာရီလောက်မှာတော့ သေဆုံးသွားပြီလို့ ရဲစခန်းက မိသားစုကိုအကြောင်းကြားလာတယ်လို့ သိရပါတယ်။

စစ်ကြောရေးမှာကျဆုံးသွားတဲ့ ကျောင်းဆရာမှာ ဇနီးနဲ့ ကလေး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook