မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့ထဲနယ်က CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ကျောင်းဆရာ ဦးဇော်မင်းအောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းသွားပြီး စစ်ကြောရေးမှာ နာရီပိုင်းအတွင်းသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အသက် ၄၀ အရွယ် အထက်တန်းပြကျောင်းဆရာ ဦးဇော်မင်းအောင် ဟာ သပိတ်ကျင်း ၊မြင်သာရွာမှာ နေထိုင်တာဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်က မနက်ပိုင်း ၁၁ နာရီလောက်မှာ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာဖမ်းသွားတာပါ။
ညနေ ၅ နာရီလောက်မှာတော့ သေဆုံးသွားပြီလို့ ရဲစခန်းက မိသားစုကိုအကြောင်းကြားလာတယ်လို့ သိရပါတယ်။
စစ်ကြောရေးမှာကျဆုံးသွားတဲ့ ကျောင်းဆရာမှာ ဇနီးနဲ့ ကလေး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။

Public Service Announcement
