Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်နှင့် ပြင်သစ်နိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ် အကြိုလှုပ်ရှားမှုများ ပြုလုပ်

အမေရိကန် နှင့် ပြင်သစ်နိုင်ငံရောက်မြန်မာများက မကြာခင်ရောက်လာတော့မည့် (၃၇)နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်ကိုအထင်ကရ​နေရာ​တွေမှာပြုလုပ်ခဲ့​ကြောင်းယ​နေ့ထုတ်ပြန်သည်။

ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်

သြဂုတ် ၇၊၂၀၂၅။ သုည/People’s Spring

အမေရိကန် နှင့် ပြင်သစ်နိုင်ငံရောက်မြန်မာများက မကြာခင်ရောက်လာတော့မည့် (၃၇)နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်ကိုအထင်ကရ​နေရာ​တွေမှာပြုလုပ်ခဲ့​ကြောင်းယ​နေ့ထုတ်ပြန်သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံး (UN Secretariat) ရှေ့တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများက (၈) သင်္ကေတရိုက်နှပ်ထားသည့် ထီးများ ကိုင်ဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ ရှစ်​​လေးလုံး ထီးသပိတ်ကို ပါဝင်ခဲ့ကြောင်း ရန်ကုန်လူထုသပိတ်က ဖော်ပြခဲ့သည်။

အလားတူ ပြင်သစ်နိုင်ငံ ပါရီမြို့နှင့် လီယွန်မြို့တို့တွင်လည်း ပြည်ပရောက် မြန်မာများက စက္ကူတိပ်များဖြင့် ၈ သင်္ကေတပုံစံကို ထီးများတွင် ကပ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရှစ်​​လေးလုံး ထီးသပိတ်ကို ဖော်ဆောင်ခဲ့သည်။ထိုအပြင်အီဖယ်မျှော်စင်​ရှေ့တွင်လည်း ရှစ်​လေးလုံး ထီးသပိတ်ဆင်နွှဲခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းကဲ့သို့ တီထွင်ပါဝင်မှုကို ဂုဏ်ယူကြောင်းနှင့် Strike Market မှရောင်းချပေးခြင်းမပြုနိုင်သေးသည့် အခြားဒေသများမှလည်း ယခုပုံစံကဲ့သို့ ပြုလုပ်ပြီး လှုပ်ရှားမှုတွင် ပါဝင်ကြောင်း ရန်ကုန်လူထုသပိတ်က နှိုးဆော်ခဲ့သည်။

သြဂုတ် ၃၊ ၄ နှင့် ၅ ရက် ယူအေအီး၊ တောင်ကိုရီးယား၊ အမေရိကန်နှင့် သြစတြေးလျနိုင်ငံတို့​တွင်လည်း မြန်မာနိုင်ငံသားများက ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ်အကြို လှုပ်ရှားမှုအဖြစ် (၈) သင်္ကေတရိုက်နှပ်ထားသည့် ထီးများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

(၃၇)နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် အဖြစ် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုပြုလုပ်ကြရန် ရန်ကုန်လူထုသပိတ်က တိုက်တွန်းထားသည်။

ရန်ကုန် လူထုသပိတ်အနေဖြင့် ရှစ်လေးလုံးအထိမ်းအမှတ် ၈သင်္ကေတရိုက်နှိပ်ထားသည့် ထီးများကို ရောင်းချထားသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ အဆိုပါထီးများအပါအဝင် ၈ဂဏန်းနှင့် သက်ဆိုင်သည့်အရာများဖြင့် သပိတ်လှုပ်ရှားမှုပြုလုပ်ရန် ဩဂုတ် ၁ရက်တွင် နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့ Den Haag Central နဲ့ Utrecht Central station တို့မှာ (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၉)...

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

Facebook