Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်အနီးလှုပ်​သောငလျင် ရှမ်း နှင့် မန္တလေးပါခံစားရ

နေပြည်တော်အနီးကိုဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၇ အဆင့်ရှိ​သောငလျင်တစ်ခုယ​နေ့ညတွင် လှုပ်ရှားသွားပြီး မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မှမြို့နယ်များပါ မြေလွှာလှုပ်ရှားသွားသည်။

သြဂုတ်-၇၊၂၀၂၅။လူအေး/People’s Spring

နေပြည်တော်အနီးကိုဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၇ အဆင့်ရှိ​သောငလျင်တစ်ခုယ​နေ့ညတွင် လှုပ်ရှားသွားပြီး မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မှမြို့နယ်များပါ မြေလွှာလှုပ်ရှားသွားသည်။

သြဂုတ်လ ၇ ရက် ၉နာရီ၁ မိနစ်အချိန်ခန့်တွင်နေပြည်တော်မြောက်ဘက် ၅၄ ကီလိုမီတာ(၃၃ မိုင်​​ကျော်) အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာ(၆ မိုင်​ကျော်)ကိုဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကထုတ်ပြန်သည်။မြေငလျင်ပြင်းအားမှာတိုင်းတာ​သော​စက်တည်​နေရာပေါ်မူတည်တစ်ခုနှင့်တစ်ခုအနည်းငယ် ခြားနားတက်​ကြောင်းလည်းအသိ​ပေးထားသည်။

ကမ္ဘာတစ်ဝန်း​မြေငလျင်လှုပ်ရှားမှုများကိုတိုင်းတာ​ဖော်ပြ​ပေး​နေ​သော အ​မေရီကန် ​မြေငလျင်တိုင်းတာ​ရေးဌာန (USGS )က အဆိုပါငလျင်သည် ရမည်းသင်း မြို့ အ​ရှေ့​တောင်ဘက်၂၅ကီလိုမီတာ( ၁၅ မိုင်​ကျော်)အကွာ ၊​မြေအနက် ၁၄ ကီလိုမီတာ​ကျော်ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၄ ဖြင့်လှုပ်ခတ်ခဲ့ခြင်းဖြစ်​ကြောင်းထုတ်ပြန်ထားသည်။ ​မြေငလျင် ဗဟိုချက်သည် ရမည်းသင်းမြို့နှင့် တပ်ကုန်းမြို့ကြားတွင်ရှိပြီး ၊ ​နေပြည်​တော်၏ ​မြောက်ဘက်တွင်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ငလျင်လှုပ်ရှားသည်ကို နေပြည်တော်တွင်သိသိသာသာခံစားခဲ့ရပြီး ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်တို့တွင်လည်း သိရှိခံစားခဲ့ကြရ​ကြောင်း ​​ဒေသခံအချို့က​ပြောသည်။

“အသံအကျယ်ကြီးကြားပြီးမှလှုပ်တာ။ကားမောင်းသွားတဲ့အသံကြီးလို့ကြားရတာ”ဟုနေပြည်တော်တွင် နေထိုင်သူတစ်ဦးကပြောသည်။

မတ်လ ၂၈ရက်ကလှုပ်ခတ်ခဲ့သောစစ်ကိုင်း ငလျင်ကြီးကြောင့်နေပြည်တော်လည်း ​သေဆုံးပျက်စီးမှုများပြားခဲ့သည်။ အင်အားပြင်းထန်​သော စစ်ကိုင်းငလျင်ကြီးလှုပ်ပြီး​နောက်ရစ်ချ်တာစကေး၃ မှ ၅ဝန်းကျင် နောက်ဆက်တွဲငလျင်များသည် ၂နှစ်ခန့်ကြာသည့်အထိ လှုပ်ရှားနေမည်ဖြစ်​ကြောင်း ငလျင်ပညာရှင်များကပြောသည်။

ငလျင်ပညာရှင်ဒေါက်တာမျိုးသန့်က မတ်လ ၂၈ရက်ကအင်အားပြင်းငလျင်၏နောက်ဆက်တွဲများ ဆက်လက်လှုပ်ခတ်နေမည်ကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း နှင့် သတိပြုရန်လိုအပ်သော်လည်းစိုးရိမ်မှုမလွန်ကဲကြရန်အကြံပြုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။