Connect with us

Hi, what are you looking for?

သတင်း

တမူး၊ နမ့်မွန်းတားရွာတိုက်ပွဲ စစ်တပ်စစ်​ကြောင်း လေကြောင်းပစ်ကူယူဆုတ်ခွာထွက်ပြေး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် တမူးမြို့နယ်မှ နမ့်မွန်းတားရွာအား ပြန်သိမ်းယူရန် စစ်ကောင်စီတပ်က အကြိမ်ကြိမ် စစ်ကြောင်းထိုးနေပြီး ယနေ့တိုက်ပွဲ၌လေကြောင်းမှ သုံးကြိမ် ဗုံးလာကြဲခဲ့သည်။

တမူး​ဒေသမှ PDF တပ်ဖွဲ့ဝင်များ

သြဂုတ်-၈၊၂၀၂၅။အိမ်သွင်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် တမူးမြို့နယ်မှ နမ့်မွန်းတားရွာအား ပြန်သိမ်းယူရန် စစ်ကောင်စီတပ်က အကြိမ်ကြိမ် စစ်ကြောင်းထိုးနေပြီး ယနေ့တိုက်ပွဲ၌လေကြောင်းမှ သုံးကြိမ် ဗုံးလာကြဲခဲ့သည်။

ဩဂုတ်လ ၈ရက်မနက်ပိုင်းတွင် နန်မွန်းတားရွာကိုနံနက် ၁၁နာရီ ၃၅မိနစ်၊ နေ့ခင်း ၁၂နာရီ ၃၅မိနစ်၊ ညနေ ၅နာရီ ၅၀မိနစ်တို့တွင် ဂျက်ဖိုက်တာဖြင့်ဗုံးလာကြဲခဲ့သည်။ သို့​သော်ကာကွယ်ရေးရဲဘော်များအထိခိုက်မရှိခဲ့ပေ။

နမ့်မွန်းတားရွာကို ဩဂုတ်လ ၅ရက်မှစ၍ စစ်တပ်က ပျူစောထီး၊ကသည်းသူပုန် များနှင့်အတူပူးပေါင်း၍အင်အားတစ်ရာကျော်ဖြင့် စစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲဖြစ်ခဲ့ပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ သို့သော် ဩဂုတ်လ ၅ရက်နောက်ပိုင်း နေ့စဥ်စစ်ကြောင်းထိုး​နေရာ သြဂုတ် ၈ ရက်တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပွားခဲ့သည်။ ရွာအားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပြည့်အဝထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းသတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

” ၄ရက်ကြာတိုက်ပွဲထဲမှာ ကိုယ့်ဘက်မှာ နည်းနည်းတော့ထိခိုက်တယ်။ စစ်ကောင်စီဘက်ကသေဆုံးတာတွေများတယ်။ လက်နက်ခဲယမ်း တွေလည်းရထားတယ်။ ဒီနေ့တိုက်ပွဲမှာ လေကြောင်းကနေလာပစ်ပြီး ဆုတ်ပြေးတာ”ဟုအဆိုပါသတင်းရင်းမြစ်ကပြောသည်။

နမ့်မွန်းတားရွာသည် ကလေး-တမူးအာရှလမ်းပေါ်တွင်တည်ရှိပြီးတမူးမြို့နှင့် ၁၂မိုင်အကွာ၌ရှိသည်။

နမ့်မွန်းတားရွာနှင့်တမူးမြို့ကြား ပန်းသာရွာ၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

နမ့်မွန်းတားရွာတွင် ဖြစ်ပွားသောတိုက်ပွဲနှင့်ပတ်သက်၍ တမူးခရိုင် PDFတပ်ရင်းများက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ မြေပြင်သတင်းရင်းမြစ်အချို့၏ပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဘက်၌သေဆုံးမှုများပြားကြောင်းသိရသည်။

တမူးမြို့တွင် ပန်းသာရွာ၊မင်းသာရွာအပြင် နေရာသုံးခု၌ စစ်ကောင်စီက အခိုင်အမာတပ်စွဲထားပြီး ပန်းသာရွာ၌ အဓိကအထိုင်စခန်းအဖြစ် ပြင်ဆင်ထားသည်။ တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကထိန်းချုပ်ထားပြီး စစ်ကောင်စီက တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။