Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်တပ်စွဲထား​သော မြင်သာ က.ည.နရုံး ​ပေါက်ကွဲမှုဖြစ်၊ အခွန်လာ​ဆောင်သူများအား ဖမ်းဆီးထားဟုဆို

ပေါက်ကွဲမှုအသံကို လူနေရပ်ကွက်များအထိ ကြားရပြီး မီးခိုးလုံးကြီးများကိုလည်း အဝေးများ မြင်တွေ့ရသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

သင်္ယန်းကျွန်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသည့် မြင်သာ က.ည.နရုံးပေါက်ကွဲမှုဖြစ်ပြီး​နောက်အခွန်လာဆောင်သူများကို ပြန်မလွတ်ဘဲ ဖမ်းဆီးခေါ်ဆောင်ထားကြောင်း မျက်မြင်သက်သေများကပြောသည်။

ယနေ့ (နိုဝင်ဘာ၁၉ရက်)နေ့လယ် ၁၂ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်ပြီး​နောက် အရေးပေါ်လူနာတင်ယာဉ်ကားများ က.ည နရုံးဝင်းထဲကို မောင်းဝင်သွားသည့်ဟု မျက်မြင် သက်သေများက ပြောသည်။

“အစောင့်နေရာမဟုတ်ဘူးတဲ့။ လူတွေကားလိုင်စင်လုပ်တဲ့ ငါးလွှာမှာ ပေါက်ကွဲတာပါ။ စစ်သားတွေသေလားမသေးလားတော့ သေချာမသိသေးဘူး”ဟု မျက်မြင် သက်သေတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုအသံကို လူနေရပ်ကွက်များအထိ ကြားရပြီး မီးခိုးလုံးကြီးများကိုလည်း အဝေးများ မြင်တွေ့ရသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

“ရုံးအဆောက်အဦးအတွင်းထဲမှာပေါက်တာ အထဲလူတွေအပြင်ထွက်မရ ရုံးဝင်းကိုပိတ်ထားလိုက်တယ်။ အခွန်လာဆောင်တဲ့ သူကို ရိုက်စစ်နေတာလားမသိဘူး”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုအပြီး လမ်းများကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်များက ပိတ်ဆို့ထားသည်။

မြင်သာ က.ည.နရုံးသည် သံသုမာလမ်းမကြီးပေါ်တွင် တည်ရှိပြီး အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးကတည်းက ထိုနေရာတွင် အခိုင်အမာတပ်စွဲထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook