Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်၌ တိုက်ပွဲဆက်ပြင်းထန်၊ လေယာဉ်ကွင်းကို KIAနှင့် စစ်တပ် တဖက်စီထိန်းချုပ်ထားဟုဆို

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ကချင်ပြည်နယ် ဗန်းမော်မြို့၌ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုများအလုံးအရင်း ပြုလုပ်နေဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်လေဆိပ်အား KIAပူးပေါင်းတပ်သိမ်းပိုက်ပြီးနော် ၂၀၂၅ ဇန်နဝါရီ ၂၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − AD

ဩဂုတ်-၁၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ကချင်ပြည်နယ် ဗန်းမော်မြို့၌ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုများအလုံးအရင်း ပြုလုပ်နေဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဩဂုတ် ၁ရက်တွင် ဗန်းမော်မြို့သို့ စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ သယ်ဆောင်လာသည့် စစ်သင်္ဘောအုပ်စု ရောက်ရှိလာပြီးနောက် စစ်ကောင်စီက မြေပြင်ထိုးစစ်ဆင် ၊ လေကြောင်း ဒရုန်း တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ကာ နေရာအချို့ကို ပြန်လည်သိမ်းပိုက်ထားသည်ဟု ဆိုသည်။

” ထူးခြားတာက နေ့တိုင်းရှိတယ်။ မိုးလင်းတာနဲ့ လေယာဉ် ရောက်ပြီ။ တနေကုန်မနားတမ်း လေယာဉ်ပစ်တယ်။ ဒရုန်းတွေမနားတမ်း ပစ်တယ်။ ဒီကောင်တွေ လေယာဉ်နဲ့ ဒရုန်းပဲ အဓိက အားကိုးနေကြပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ ဩဂုတ် ၁၃ရက်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

KIA ပူးပေါင်းတပ် ယခင်သိမ်းပိုက်ထားသည့် အမြောက်တပ်(၃၆၆)တပ်ရင်းနှင့် လေယာဉ်ကွင်း နေရာအချို့ကို စစ်ကောင်စီဘက်က ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြန်လည် နေရာယူထားနိုင်ကြောင်းလည်း ပြောသည်။

လေယာဉ်ကွင်းတွင် KIA ပူးပေါင်းတပ်ကလည်း ရှိနေပြီး စစ်ကောင်စီဘက်ကလည်း ရှိနေသည်ဟု ဆိုသည်။

” ဟိုဖက်ထိပ် ဒီဖက်ထိပ် အနေအထားပါ”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က လေယာဉ်ကွင်း၌ နှစ်ဖက်တပ်များထိန်းချုပ်ထားသည့် အခြေအနေကို ပြောသည်။

အခြားသတင်းရင်းမြစ်တဦးကလည်း “လေယာဉ်ကွင်းက တော်လှန်ရေးဘက်ကနေ အကုန်လုံးသိမ်းပိုက်ထားတာမဟုတ်ဘူး။ တချို့ အရေးကြီးတဲ့နေရာအချို့မှာ KIAက ထိန်းချုပ်ထားတယ်။ လေယာဉ်ကွင်းရဲ့ အပြင်နား ဝင်ပေါက်နားလောက်မှာ ကျနော်တို့ ထိန်းချုပ်ထားတာ အဲဒီနေရာ သူတို့ ပြန်ထိုးစစ်ဆင်လို့ ကျနော်တို့ နေရာပြန်ရွှေ့ပေးရတာရှိတယ်။ ဒါပေမဲ့ အကုန်လုံး သူတို့ ထိန်းချုပ်နိုင်တာ မဟုတ်ပါဘူး” ဟု ပြောသည်။

ဗန်းမော်တိုက်ပွဲနောက်ဆုံးအခြေအနေနှင့်ပတ်သက်ပြီး KIAပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

KIAပူးပေါင်းတပ်သည် ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးဖော်ဆောင်နေသည်မှာ ၈လကျော်ကြာပြီဖြစ်သည်။ မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊တပ်စခန်းနေရာများကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး တင့်ကားနှင့် သံချပ်ကာယာဉ်များ တိုက်ခိုက်ဖျက်ဆီးသိမ်းပိုက်ထားသည်။

ထို့ပြင် စစ်ကူလာသည့် ရဟတ်ယာဉ် ၂စီးပျက်ကျအောင် တိုက်ခိုက်ထားနိုင်သကဲ့သို့ ရေကြောင်းမှ စစ်အင်အား ခဲယမ်းရိက္ခာ ဖြည့်တင်းရန်လာသည့် စစ်သင်္ဘောအုပ်စုကို တိုက်ခိုက်ရာ သင်္ဘော ၆စီးကိုပျက်စီးအောင် တိုက်ခိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။