Connect with us

Hi, what are you looking for?

News

ဂန့်ဂေါ – ထီးလင်းလမ်း၌ စစ်တပ်ယာဉ်တန်းကို YDF တိုက်ခိုက်စစ်ကောင်စီတပ် ၂၅ဦးသေဟု ထုတ်ပြန်

ယနေ့( နိုဝင်ဘာ ၁၉ရက်) မနက်ပိုင်းက ဂန့်ဂေါ-ထီးလင်း လမ်း မောလယ်ကွေ့တွင် အင်အား ၂၀၀ ခန့်ပါသည့် စစ်ကား ၅စီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွင် YDF ဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း ဖော်ပြသည်။

မကွေးတိုင်း ဂန့်ဂေါနှင့် ထီးလင်း လမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်း၊ လက်ပစ်ဗစ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၅ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့(YDF)က ထုတ်ပြန်သည်။

ယနေ့( နိုဝင်ဘာ ၁၉ရက်) မနက်ပိုင်းက ဂန့်ဂေါ-ထီးလင်း လမ်း မောလယ်ကွေ့တွင် အင်အား ၂၀၀ ခန့်ပါသည့် စစ်ကား ၅စီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွင် YDF ဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း ဖော်ပြသည်။

ယခုတိုက်ခိုက်မှုသည် နိုဝင်ဘာ ၁၆ရက်နှင့် ၁၇ရက် တိုက်ပွဲများ၌ တော်လှန်ရေးရဲဘော်များ ကျဆုံးခဲ့မှုနှင့် ပြည်သူ ၅ဦး အသတ်ခံရမှုအပေါ် လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာအနီး တိုက်ပွဲတွင် YDF ထီးလင်းမှ ရဲဘော် ၁၃ဦး နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) မင်းတပ်မှ ရဲဘော် ၁ဦး စုစုပေါင်း ၁၄ဦး ကျဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလည်း ၁၀ဦးခန့် ကျဆုံးခဲ့ကြောင်း YDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။