Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ပြည်သူတွေထွက်ပြေးနေရ

တနင်္သာရီတိုင်းက ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ထိုးနေလို့ ကျေးရွာတွေက ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

သြဂုတ်-၁၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်းက ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ထိုးနေလို့ ကျေးရွာတွေက ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ကျေးရွာတွေကို အင်အား ၂၀၀ခန့်ပါ ယာဥ်တန်းနဲ့ ဝင်ရောက်နေတာဖြစ်ပြီး ပကာရီ၊ ကျောက်မဲတောင်နဲ့ မေတ္တာမြို့ရွာဘက်တွေကို ဦးတည်ဝင်ရောက်နေတာလို့ သိရပါတယ်။

“မနေ့ကတည်းက ၀င်နေတာပဲဗျ။ မနေ့က တည်းက ပကာရီရွာကို ရောက်နေတာ။ ဒီနေ့ကပကာရီကနေ ကျောက်မဲတောင်၊ မေတ္တာဖက်ကိုဦးတည်ပြီး ယာဉ်တန်းနဲ့၀င်နေတယ်”လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုမှ တာဝန်ရှိသူက People’s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

တလားတူ တချိန်တည်းမှာပဲ အင်အား ၂၀၀လောက်ပါတဲ့စစ်ကောင်စီခြေလျင်စစ်ကြောင်းတစ်ခုဟာလည်း သရက်ချောင်းမြို့ပေါ်ကတဆင့် ရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးနေပြီး နေအိမ်တွေကိုဖောက်ထွင်းတဲ့အပြင် တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေတယ်လို့လည်း အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

သရက်ချောင်းမြို့ပေါ်ကနေထိုးလာတဲ့ စစ်ကြောင်းဟာ ကဇိရွာ၊ ဥတ္တူရွာ၊ လောင်းမင်းဘရွာ၊ အင်းပြားရွာ၊ ကျောက်လှေကားရွာ စတဲ့ကျေးရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။

“အဲဒီကောင်တွေက ရွာတွေ၊ အိမ်တွေ မှာရှိတဲ့တန်ဖိုးရှိ ရွှေငွေတွေနဲ့ ဆိုင်ကယ်တွေ ယူသွားကြတယ်ဗျ”လို့ စစ်ကြောင်းဝင်မွှေတဲ့ ရွာတွေရဲအခြေအနေကို ထားဝယ်ခရိုင်တပ်ပေါင်းစု တာဝန်ရှိသူက ရှင်းပြပါတယ်။

အခုနောက်ပိုင်း စစ်ကောင်စီတပ်က ကျေးရွာတွေ စစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းတပ်သားသစ်သင်တန်းဆင်းအများအပြားကို အင်အားဖြည့်တင်လာပြီး စစ်ကြောင်းမှာလည်း အင်အား ရာဂဏန်းအသုံးပြုလာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးနဲ့ ‌မြေပြိုဘေးကြုံနေတဲ့ ထားဝယ်မြို့နယ်မှာ စစ်တပ်က လူငယ်တွေ ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေသလို ဒီ‌နေ့ အောက်တိုဘာ ၂ရက်မှာလည်း မြို့အဝင်၊ကမြောကင်းတံတားဂိတ်မှာ လူငယ် ၂ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

သတင်း

ရေဘေးနဲ့ မြေပြိုမှု ဘေးရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကို ဒီနေ့ စက်တင်ဘာ ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်းရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေမှာ လောင်းလုံမြို့နယ်ထဲက ကဒက်ငယ်ထိန်ကျေးရွာဟာထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့တဲ့ကျေးရွာတွေမှာပါဝင်ပါတယ်။